ဦးမင်းညွန့်သိန်း

April 11, 2021

ပန်းတနော်လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန်သိန်းကို ဧပြီ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီလက်ပါးစေတွေက ဖမ်းဆီးခဲ့ တယ်လို့ သိရပါတယ်။

ပန်းတနော်မြို့မှာ ဧပြီလ ၁၀ ရက်နေ့က NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန်သိန်းအပြင် အောင်နိုင်ရေး ဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးစိန်ကုလား(ခ)ဦးဝင်းမြင့်ကိုပါ ဖမ်းဆီး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းနဲ့ ဦးစိန်ကုလား(ခ)ဦးဝင်းမြင့်ကို ဘယ်နေရာကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

8 months Ago
Up