ဦးပေါလူချမ်း

February 12, 2021

ကယားစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခန့်အပ်ခံရသူ ၂ ဦး တာဝန်မထမ်းလိုကြောင်း ငြင်းပယ်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်တဲ့အပေါ် ကယားပြည်နယ်အဖွဲ့ဝင် ဦးပေါလူချမ်းနဲ့ ဒေါ်စူးမြာယဉ်ယဉ်အေးတို့က ငြင်းပယ်လိုက်ပါတယ်။

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ဦးပေါလူချမ်းနဲ့ ဒေါ်စူးမြာယဉ်ယဉ်အေးတို့ကို ခန့်အပ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ရက်စွဲနဲ့ ကောင်စီက ကြေညာခဲ့တာ ဖြစ်ပါတယ်။

တာဝန်ပေးအပ်ခြင်း ကြေညာခံထားရသူ နှစ်ဦးစလုံးကတော့ တာဝန်ပေးအပ်ခြင်းနဲ့ စပ်လျဉ်းပြီး ကျန်းမာရေးအခြေအနေကြောင့် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဆင့်ဆင့်မှာ တာဝန်ပေးအပ်ခြင်းမှ ကင်းလွတ်ခွင့်ဖို့ ပြန်လည်တင်ပြထားပါတယ်။

2 years Ago
Up