ဦးနှောက်သွေးကြောပေါက်

September 8, 2021

မန္တလေးက စစ်ကောင်စီခန့် ဒုမြို့တော်ဝန်ဦးစောဟန် ဦးနှောက်သွေးကြောပေါက်သေဆုံး

ဦးနှောက်သွေးကြောပေါက်ပြီး မင်္ဂလာဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံနေတဲ့ မန္တလေး ဒုတိယမြို့တော်ဝန် ဦးစောဟန် (အသက် ၄၃) စက်တင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက သေဆုံးသွားပြီလို့ သိရပါတယ်။

ဦးစောဟန်ဟာ ဦးနှောက်သွေးကြောပေါက်ပြီး မင်္ဂလာဆေးရုံမှာ ၂ ရက်ကြာ ကုသမှု ခံယူနေစဉ် သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဦးစောဟန်ဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီဒုတိယပတ်မှာ မန္တလေးဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရတာလို့ သိရပါတယ်။

3 months Ago
Up