ဦးဇော်မြတ်လင်း

March 9, 2021

အကြမ်းဖက်စီးနင်းခေါ်ဆောင်ခံရသည့် 'စု' အသက်မွေးကျောင်းသိပ္ပံ တာဝန်ခံ ဦးဇော်မြတ်လင်း သေဆုံး

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ဖမ်းသွားတဲ့ 'စု' အသက်မွေးကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဒီမနက် ၁ နာရီဝန်းကျင်က ရွှေပြည်သာမှာရှိတဲ့ 'စု' အသက်မွေးကျောင်းသိပ္ပံကို အကြမ်းဖက်စီးနင်းခဲ့တာပါ။

စီးနင်းချိန်မှာ ဆရာဦးဇော်မြတ်လင်းဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ယူဆခဲ့ပေမယ့် ဒီနေ့မွန်းလွဲပိုင်းမှာတော့ အလောင်းလာယူဖို့ အကြောင်းကြားလာတာလို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

အလောင်းကို ခုမှသွားယူမှာဖြစ်တဲ့အတွက် ဘာကြောင့်သေဆုံးလဲဆိုတာကတော့ အတိအကျ ပြောလို့မရသေးဘူးလို့ နီးစပ်သူတဦးက ဆိုပါတယ်။

ဝင်ရောက်စီးနင်းချိန်မှာ ကျောင်းမှာရှိတဲ့ ကျောင်းသား‌/ကျောင်းသူတွေကို ရိုက်နှက်တာတွေ ရှိခဲ့သလို လက်ပ်တော့၊ ကား၊ ဆိုင်ကယ်၊ ဖုန်း စတာတွေအားလုံးကိုလည်း အဓမ္မယူဆောင်သွားတယ်လို့ သိရပါတယ်။

9 months Ago
Up