ဦးစားပေးအလုပ်

A d v e r t i s e m e n t With Us

December 16, 2019

အီးယူမှ နုတ်ထွက်ရေး ဗြိတန်၏ဦးစားပေးအလုပ်ဟု အစိုးရအဖွဲ့ပြော

ဗြိတိန်ရဲ့ ထိပ်တန်းဦးစားပေးအလုပ်ဟာ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ အီးယူကနေ  နုတ်ထွက်ရေးဖြစ်တယ်လို့ အစိုးရအဖွဲ့ဝန်ကြီး မိုက်ကယ်ဂါ့ဖ်က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။   ဗြိတိန်နဲ့ အီးယူတို့ရဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေ ခက်ခဲနေတယ်လို့ အီးယူညှိနှိုင်းရေး အကြီးအကဲက ပြောခဲ့ပေမယ့် ၂၀၂၀ မကုန်မီ ကုန်သွယ်ရေး သဘောတူညီချက်ရလိမ့်မယ်လို့  ဗြိတိန်ဝန်ကြီး ဂါ့ဖ်က ပြောခဲ့ပါတယ်။     ဂါ့ဖ်ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ အင်္ဂလန်မြောက်ပိုင်းနဲ့အလယ်ပိုင်းက လေဘာပါတီ ထောက်ခံသူတွေအပေါ်  အောင်နိုင်ပြီးနောက် ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲမှာ  မဲအများစုနဲ့ အနိုင်ရခဲ့ပါတယ်။  ဒီအတွက် လေဘာပါတီအကြီးအကဲ ဂျွန်မက်ဒေါ်နယ်က လေဘာပါတီအစိုးရအပေါ် အလွန်အမင်း မျှော်လင့်သူတွေကို တောင်းပန်စကား ပြောချင်တယ်လို့ ဘီဘီစီကို ပြောခဲ့ပါ တယ်။  ဒီဇင်ဘာ ၁၃ ရက်က လေဘာပါတီခေါင်းဆောင် ဂျရယ်မီကိုဘင် ရာထူးကနေ ဆင်းမယ်လို့ ပြောပြီးနောက် ဂျွန်မက်ဒေါ်နယ်က လေဘာပါတီရဲ့ခေါင်းဆောင်သစ်ဟာ  အမျိုးသမီး ဖြစ်လာဖို့ မျှော်လင့်လို့ ပြောပါတယ်။
1 year Ago
Up