ဦးခေါင်းသေနတ်မှန်

March 3, 2021

မန္တလေးတွင် ဦးခေါင်းသေနတ်မှန် ကျဆုံးခဲ့သည့် မိန်းကလေးကို မနက်ဖြန် သင်္ဂြိုဟ်မည်

မန္တလေးမြို့ ၈၄ လမ်း၊ လမ်း ၃၀ အနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းသေနတ်ကျည်ဆန် ထိမှန် ကျဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို မတ်လ ၄ ရက်နေ့မှာ သင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။

သေဆုံးသူ မကြယ်စင်ရဲ့ ရုပ်အလောင်းကို ပြင်ပ အရေးပေါ် ကုသရေးဌာန တစ်ခုကို ခေါ်သွားပြီး အခုအခါ နေအိမ်ပြန် သယ်ယူခဲ့ပြီဖြစ်ပါတယ်။

မန္တလေးမြို့ ၈၄ လမ်း၊ လမ်း ၃၀ က စစ်အာဏာရှင်ဆန့်ကျင်‌ရေး  ထိုင်သပိတ်ကို မတ်လ ၃ ရက်နေ့မှာ  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် မကြယ်စင်အပါအဝင်  ၂ ယောက် သေဆုံးပြီး  အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

9 months Ago
Up