ဦးခေါင်းခွဲစိတ်မှု

November 10, 2020

အရေးပေါ် ဦးခေါင်းခွဲစိတ်ခဲ့ရသည့် မာရာဒိုနာ ပြန်လည်ကောင်းမွန်လာ 

အရေးပေါ် ဦးခေါင်းခွဲစိတ်ကုသခဲ့ရတဲ့ အာဂျင်တီးနားဂန္ထဝင်ကစာသမား မာရာဒိုနာရဲ့ အခြေအနေ ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။  မာရာဒိုနာဟာ နိုဝင်ဘာ ၂ ရက်နေ့က ဦးနှောက်ထဲမှာ သွေးခဲ့မှုဖြစ်ခဲ့တာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။  အသက် ၆၀ ရှိပြီဖြစ်တဲ့ မာရာဒိုနာဟာ လက်ရှိအချိန်မှာတော့ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း တက်ရောက်ကုသနေတဲ့ ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မာရာဒိုနာရဲ အခြေအနေ အလွန်ကောင်းမွန်နေပြီလို့ ဆရာဝန်ကလည်း ပြောပါတယ်။  မာရာဒိုနာဟာ ၁၉၈၆ခု နှစ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး သမိုင်းတလျှောက် အကောင်းဆုံးကစားသမားအဖြစ်လည်း တင်စားကြပါတယ်။  အခုနောက်ပိုင်းနှစ်တွေမှာတော့ မာရာဒိုနာရဲ့ အသုံးအဖြုန်းကြီးလွန်းတဲ့  ဘဝနေထိုင်မှုအပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး မကြာခဏ ဆေးရုံတက်ရောက်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။
1 year Ago
Up