စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံနေရတဲ့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှဟာ နိုဝင်ဘာ ၁ ရက်က မုံရွာအကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။
စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီ တာဝန်ရှိတယောက်က “မနေ့ညပိုင်းကမှ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှ ပြန်လွတ်မြောက်လာခဲ့တယ်။ ဥပဒေချုပ်က အာဏာသိမ်းပြီး ၁ ရက်နေ့မှာ အဖမ်းခံရတာ။ မနေ့ကမှ မုံရွာအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တယ်”လို့ ပြောပါတယ်။
ဥပဒေချုပ် ဦးခင်မောင်လှဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ ဒီဇင်ဘာ ၁၇ ရက်က မုံရွာအကျဉ်းထောင်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့က မုံရွာအကျဉ်းထောင် ပို့ဆောင်လိုက်တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှတို့ကို မုံရွာ ပင်မသပိတ်စစ်ကြောင်းက အကျဉ်းထောင်ရှေ့မှာ ဒီနေ့မနက် သွားရောက်ဝန်းရံခဲ့ကြပါတယ်။
ဒါ့အပြင် တိုင်းအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့ကိစ္စ ချက်ချင်းရပ်တန့်ဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း ဝောာင်းဆိုခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အနေနဲ့ အွန်လိုင်းကနေ မိန့်ခွန်းပြောကြားတာ၊ တိုင်းဥပဒေချုပ်ကိုတော့ ပြည်သူ့အစိုးရမဖွဲ့ခင်အထိ ဝန်ထမ်းတွေကို တိုင်းအစိုးရကိုယ်စား ရုံးပိတ်ရက်အဖြစ် ကြေညာတာကြောင့် နှစ်ဦးလုံးကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့် တရားစွဲထားတာလို့ သိရပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ဒီနေ့ မုံရွာပင်မသပိတ်စစ်ကြောင်းမှာတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မြို့ခံပြည်သူ ၁ သိန်းကျော်ပါဝင်ခဲ့ကြပါတယ်။
ရန်နိုင်စိုး