ဦးခင်မောင်ရွှေ

June 5, 2021

ရွှေဘိုမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌကို အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ် ၃ နှစ်ချ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အန်အယ်လ်ပါတီ ဥက္ကဋ္ဌ  ဦးခင်မောင်ရွှေကို  အကြမ်းဖက်စစ်အုပ်စုက  ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ ရွှေဘိုအန်အယ်လ်ဒီပါတီ အသိုင်းအဝန်းက နေသိရပါတယ်။

 ဦးခင်မောင်ရွှေကို  မေလ ၃ ရက်နေ့ကတည်းက စစ်အုပ်စုက ဖမ်းဆီးကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲကာ ဇွန်လ ၄ ရက်နေ့မှာ အမှုကို အပြီးသတ်စစ်ဆေးပြီး ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

“ကျမတို့ သိရသလောက်ကတော့ အမှုရင်ဆိုင်နေတဲ့အချိန်ကနေ အမိန့်ချတဲ့အချိန်အထိ မိသားစုဝင်တွေနဲ့  ပေးတွေ့တာမရှိဘူး။ မနေ့က သူ့သမီးအကြီးတော့ သက်သေပါလို့ သူ့အဖေနဲ့ ၅ မိနစ်လောက်တော့ ခဏပြောလိုက်ရတယ်လို့တော့ သိရတယ်။ ကျန်းမာရေးလည်း ကောင်းတယ်”လို့ ရွှေဘိုမြို့နယ် အန်အယ်လ်ဒီ ပါတီဝင် တစ်ဦးက ပြောပါတယ်။

8 months Ago
Up