ဦးကျော်သူ

A d v e r t i s e m e n t With Us

January 13, 2021

ပရဟိတမင်းသားကြီး ဦးကျော်သူ မောင်းလာသည့် နိဗ္ဗာန်ယာဉ် အပါအဝင် ကား ၅ စီး ဆင့်တိုက်မိ

နာရေးကူညီမှုအသင်း- ရန်ကုန်ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ မောင်းနှင်လာတဲ့ နိဗ္ဗာန်ယာဉ် အပါအဝင် ကား ၅ စီး မတော်တဆ ဆင့်တိုက်မိမှု ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိပေမဲ့ နာရေးကူညီမှုယာဉ် အပါအဝင် ကားတွေကတော့ ပွန်းပဲ့ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။ အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဦးကျော်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ “ ယနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍ ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဘက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဘက် ကိုမိမိမှ တစ်ဆင့်တိုက်မိတော့သည်”လို့ ရေးထားပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဦးကျော်သူကို သုခဆေးခန်းမှ တာဝန်ရှိသူတွေက ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။ PHOTO CREDIT- KYAW THU FACEBOOK
2 weeks Ago

October 21, 2020

ဦးကျော်သူ အပါအဝင် နာရေးကူညီမှုအသင်း (ရန်ကုန်)က ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ  တာဝန်ယူ လုပ်ကိုင်နေသူတွေကို ဆေးစစ်ရာမှာ ဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် ၃ ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာ တွေ့ရတယ်လို့ အသင်း ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “အားလုံးအယောက် ၇၀ စစ်တာပါ။ ကိုကျော်သူနဲ့ နောက် ၂ ယောက်မှာ တွေ့တယ်။ စေတနာ့ဝန်ထမ်းတွေပဲ။ ပြန်ကြားရေးမှာ တာဝန်ယူတဲ့သူပါတယ်။ ဒါပေမဲ့ အားလုံးက လိုအပ်ရင် အပြင်ထွက်ကြရတာပဲ” လို့ ပြောပါတယ်။ ဦးကျော်သူ အပါအဝင် ၃ ယောက်လုံးမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ဘာမှမပြဘဲ အခုတော့ ဆေးကုသမှုခံဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတော့  “တွေ့ပြီ... P တဲ့။ အများအတွက် မျိုးဆက်သစ်တွေကို ဦးဆောင် ပေးဆပ်ရင်းဖြင့် ကျဆုံးခဲ့ရမှုကို ကျေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။” လို့ ရေးသားထားပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ဟာ  ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေကို သက်ဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ပေးတာတွေကို လုပ်ဆောင်နေသလို လုပ်နေကျဖြစ်တဲ့ သေဆုံးသူတွေကို သယ်ယူပို့ဆောင်ပေးတာ၊ ကျောက်ကပ်သန့်စင်တာနဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ဝေဘာဂီဆေးရုံကြီးကို နေ့စဉ် အောက်စီဂျင်အိုးတွေ သွားရောက်လှူဒါန်းပေးနေပါတယ်။
3 months Ago
Up