ဥရောပတိုက်ရဲ့ အကြီးဆုံးရေခဲတောင် ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံက အဲ့လ်ပ်စ် တောင်တန်းက ရေခဲတွေ အရည်ပျော်နေတာပါ။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရည်ပျော်မှု မြန်လာနေပြီး နှစ် ၈၀ အတွင်း ရေခဲအားလုံး လုံးဝပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။
အဲ့လ်ပ်စ်တောင်တန် ဒေသအတွင်း အရှည်ဆုံးရေခဲမြစ်ဟာ ၂၃ကီလိုမီတာ ရှည်ပြီး ဂျန်ဖရူတောင်ရဲ့ တောင်ဘက်ခြမ်း ရုံးတောင်ကြား ရဲ့ အပေါ်ပိုင်းမှာ ရှိတာပါ။
ဆွစ်ဇာလန်နိုင်ငံတွင်း ရေခဲမြစ် ၁၈၀၀ ရှိပြီး သူတို့ လုံးလုံး အရည်ပျော်သွားရင် ကမ္ဘာ ပေါ်က လူတိုင်းကို တနေ့ ရေတလီတာနှုန်းနဲ့ ၆နှစ် ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။
ခုတော့ အဲ့လ်ပ်စ် တောင်တန်းပေါ်က ရေခဲမြစ်တွေမှာ အရှည် ၃ ပုံ ၁ ပုံလောက် အရည်ပျော်ခဲ့ကြပြီး သူတို့ ရေခဲထုထည်ကလည်း ကျန်ခဲ့တဲ့ နှစ် ၁၅၀ အတွင်း တဝက်လောက် ဆုံးရှုံးခဲ့ပြီးပါပြီ။
ဒေသခံ ဧည့်လမ်းညွှန်တွေကတော့ ရေခဲတောင်နဲ့ ရေခဲမြစ်တွေဟာ ဒေသတွင်း ရေချိုသိုက်တွေ ဖြစ်ပြီး ရေပေးဝေမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်စပ်နေပြီး နောက်ဆက်တွဲ ဖြစ်စဉ်တွေလဲ အများကြီး ရှိတယ်လို့ ပြောပါတယ်။
ကမ္ဘာ့မြေမျက်နှာသွင်ပြင်ကို ရာသီဥတု ပြောင်းလဲမှုက ပြောင်းပစ်မှာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ နိုဝင်ဘာ ၃၀ မှာ ပါရီမြို့မှာ စတင်မယ့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ညီလာခံအတွက် အချိန်ရေတွက်မှုကို ပြင်သစ်သမ္မတ ဖရန်ဆွား အူလွန်းဒ်က စက်တင်ဘာ ၁၀ ရက်နေ့ စတင်ခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ရေခဲတောင်တွေ အရည်ပျော်လာတဲ့အပေါ် လူတွေ သတိပြုမိစေဖို့ ကိုယ်လုံးတီးချွတ် ဓာတ်ပုံရိုက်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
5 years Ago