ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ ပလာတီနီ နုတ်ထွက်

May 14, 2019

မန်စီးတီးအသင်း ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရဖွယ်ရှိ

မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုရှိတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို လက်တလုံးခြား ချိုးဖောက်ခဲ့ပြီး စပွန်ဆာကုမ္ပဏီတွေနဲ့ ငွေအပေးအယူ ကိစ္စတွေမှာ ရှုပ်ထွေးမှုတွေ ရှိတယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကို စုံစမ်းစစ်ဆေးနေပြီး ချိုးဖောက်မှုရှိတယ်လို့ တွေ့ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရမှာပါ။ ဒါပေမယ့် ဥရောဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတဦးရဲ့ အဆိုအရတော့ မန်စီးတီးကို အခုနှစ်မှ စတင်စစ်ဆေးနေတာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ပွဲတွေမှာတော့ ပြိုင်ပွဲကစားခွင့် ပိတ်ပင်ခံရဖို့ မရှိဘဲ ၂၀၂၁ ခုနှစ်မှ ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိတယ်လို့ သိရပါတယ်။
3 years Ago

September 12, 2018

ဥရောပဘောလုံးအဖွဲ့ချုပ်က တတိယမြောက် ကလပ်အသင်းပြိုင်ပွဲ ကျင်းပရန် စီစဉ်နေ

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ တတိယမြောက် ကလပ်အသင်းပြိုင်ပွဲတခု ကျင်းပဖို့ စီစဉ်နေပါတယ်။ လက်ရှိအချိန်မှာ ဥရောပကလပ်အသင်းပြိုင်ပွဲတွေအဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ကျင်းပနေတာပါ။ ခရိုအေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ဥရောပကလပ်အသင်းများအဖွဲ့ချုပ် (ECA) အစည်းအဝေးမှာ ECA ရဲ့ အကြီးအကဲဖြစ်သူ အက်နယ်လီက ပြောကြားခဲ့တာပါ။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ပြိုင်ပွဲကျင်းပဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၄၈ သင်းနဲ့ ယှဉ်ပြိုင်ကစားနေတာကို ၃၂ သင်းအထိ လျှော့ချမှာဖြစ်ပြီး တတိယမြောက် ကလပ်ပြိုင်ပွဲကို ၃၂ သင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိပြိုင်ပွဲကျင်းပမှုပုံစံအရ ပြောင်းလဲဖို့လိုတာကြောင့် တတိယမြောက် ကလပ်အသင်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်ရတာဖြစ်တယ်လို့လည်း အက်နယ်လီက ပြောကြားခဲ့ပါတယ်။
3 years Ago
Up