ဥရောပကော်မရှင်

July 17, 2019

ဥရောပကော်မရှင်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဂျာမနီနိုင်ငံသူ ဗွန်ဒါလေယန်ကို ရွေးချယ်

ဥရောပကော်မရှင်ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဂျာမနီနိုင်ငံက အာဆူလာ ဗွန်ဒါလေယန်ကို ဇူလိုင် ၁၆ ရက်နေ့က ဥရောပပါလီမန်မှာ မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ ဗွန်ဒါလေယန်ဟာ ပိုမိုစိမ်းလန်းမျှတပြီး စည်းမျဉ်းအခြေခံတဲ့ ဥရောပဖြစ်ရေးအမြင်နဲ့ ဆိုရှယ်လစ်နဲ့ လစ်ဘရယ်ဝါဒီတွေကို စည်းရုံးပြီး ထောက်ခံမဲ ၃၈၃ မဲ၊ ကန့်ကွက်မဲ ၃၂၇ မဲ ရခဲ့တာပါ။ အီးယူအုပ်ချုပ်ရေး အကြီးအကဲအနေနဲ့ ဗွန်ဒါလေယန်ဟာ ဥရောပနိုင်ငံသား သန်း ၅၀ အတွက် ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ၊ စီးပွားရေးနဲ့ ရာသီဥတုဆိုင်ရာ မူဝါဒတွေကို ကြီးကြပ်ရမှာပါ။ ဒါ့အပြင် သြဇာကြီးမားတဲ့ နည်းပညာကုမ္ပဏီကြီးတွေ ပါဝင်တဲ့ လက်ဝါးကြီးအုပ်မှု လျှော့ချရေး ဆုံးဖြတ်ချက်တွေကိုလည်း ဗွန်ဒါလေယန်က ကြီးကြပ်ရမှာပါ။ အသက် ၆၀ အရွယ် ဗွန်ဒါလေယန်ဟာ ဥရောပကော်မရှင်ဥက္ကဋ္ဌ ရွေးချယ်ပွဲမတိုင်မီ    ဂျာမန်ကာကွယ်ရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
2 years Ago

June 7, 2018

အမေရိကန်သွင်းကုန်များကို ဇူလိုင်လမှစ၍ အခွန်ကောက်မည်ဟု ဥရောပကော်မရှင်ပြော

အမေရိကန်က ဥရောပသမဂ္ဂ (အီးယူ) ရဲ့စတီးနဲ့ အလူမီနီယံသွင်းကုန်တွေ အခွန်ကောက်ယူမှုကို ပြန်ထိန်းညှိဖို့ အမေရိကန်သွင်းကုန်တွေကို ဇူလိုင်လကစပြီး အခွန်ကောက်သွားမယ်လို့ အီးယူကော်မရှင်က ပြောကြားလိုက်ပါတယ်။ အမေရိကန်သွင်းကုန်တွေကို အခွန်ကောက်ခံသွားမယ့်သတင်းကို ဥရောပကော်မရှင် ဒုတိယ ဥက္ကဋ္ဌ မာရော့ ဆက်ထိုဗစ်က ဘရပ်ဆဲလ်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ စတီးနဲ့အလူမီနီယံအပေါ်အမေရိကန်က အခွန်ကောက်တာကို ဥရောပသမဂ္ဂက တုံ့ပြန်မှု တစိတ်တပိုင်းအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို အကြောင်းကြားထားတဲ့ အပိုအခွန်ကောက်သွားမယ့် အမေရိကန် ထုတ်ကုန်တွေရဲ့စာရင်းကို ကော်မရှင်နာတွေက ဒီနေ့မှာ ထောက်ခံလိုက်ပါတယ်။  အမေရိကန်ကနေ သွင်းလာတဲ့ သတ်မှတ်ကုန်တွေအတွက် အပိုအခွန်ဆောင်ရမယ့် ဆုံးဖြတ်ချက်ကို ဒီကနေ့ချမှတ်ပြီးတဲ့နောက် ကော်မရှင်အနေနဲ့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဇွန်လကုန်မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် အခွန်ကောက်တာဟာ ဇူလိုင်လမှာ စတင်ပါမယ်လို့ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ မာရော့ ဆက်ထိုဗစ် က ပြောပါတယ်။
4 years Ago
Up