ဥရောပသမဂ္ဂနှင့် တွဲရေး ခွဲရေး ဗြိတိန်တွင် မဲစပေး

June 23, 2016

ဥရောပသမဂ္ဂနှင့် တွဲရေး ခွဲရေး ဗြိတိန်တွင် မဲစပေး

ဇွန် ၂၃ ရက်မှာ ဥရောပသမဂ္ဂ(အီးယူ) နဲ့  တွဲရေး ခွဲရေး ကိစ္စအပေါ် လူထုဆန္ဒခံယူပွဲအဖြစ် ဗြိတိန်နိုင်ငံသားတွေက ဆန္ဒမဲတွေ စတင်ပေးနေပြီ ဖြစ်ပါတယ်။ မဲရုံတွေက ဒေသစံတော်ချိန် မနက် ၇ နာရီကနေ စတင်ဖွင့်ထားပြီး ၁၁ နာရီမှာ ပိတ်သိမ်းမှာ ဖြစ်ပြီး လူ ၄၆ သန်းက ဆန္ဒမဲတွေ ပေးကြမှာ ဖြစ်ပါတယ်။ ဗြိတိန်တ၀န်းမှာ တတိယအကြိမ်ပြုလုပ်တဲ့ ဆန္ဒခံယူပွဲလည်းဖြစ်ပြီး တွဲရေးခွဲရေးနဲ့ ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ၄ လအကြာမှာ စတင်မဲပေးကြတာ ဖြစ်ပါတယ်။ ဆန္ဒမဲစာရွက်မှာတော့ ဗြိတိန်က အီးယူမှာ အဖွဲ့ဝင်အဖြစ် ဆက်နေလို မနေလို မေးမြန်းထားတာဖြစ်ပြီး ဆန္ဒမဲ တ၀က်ကျော်ရရှိတဲ့ဘက်က အနိုင်ရရှိမှာ ဖြစ်ပါတယ်။ မဲရုံတွေ ပိတ်ပြီးရင်တော့ မဲပုံးတွေကို နိုင်ငံတွင်းက ရေတွက်မယ့် ၃၈၂ ဌာနကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ မန်ချက်စတာ မြို့တော်ခန်းမမှာ အခြေစိုက် မဲရေတွက်တဲ့ အရာရှိက နိုင်ငံတ၀န်းလုံးဆိုင်ရာ ရလဒ်ကို ကြေညာမှာ ဖြစ်ပါတယ်။
5 years Ago
Up