ဥရောပသမဂ္ဂ

July 4, 2019

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဥရောပသမဂ္ဂကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်

ဂျာမန်ကာကွယ်ရေးဝန်ကြီး အူးဇူလာ ဗွန်ဒယ်လိုင်းကို ဥရောပသမဂ္ဂကော်မရှင်ရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲအဖြစ် အီးယူခေါင်းဆောင်တွေက ခန့်အပ်လိုက်ပါတယ်။ ဇူလိုင် ၃ ရက်နေ့က အူးဇူလာ ဗွန်ဒယ်လိုင်းဟာ အစိုးရ အဖွဲ့အစည်းအဝေးကို တက်ရောက်ပြီး ဥရောပပါလီမန် အစည်းအဝေးကို တက်ရောက်ဖို့ မျှော်လင့်ရပါတယ်။ ဗွန်ဒယ်လိုင်းအနေနဲ့ အီးယူကော်မရှင်အကြီးအကဲ ရာထူးကို လက်ခံဖို့ ပါလီမန် ခွင့်ပြုချက် လိုအပ်ပါတယ်။ ဘာသာစကားအတော်များများ တတ်ကျွမ်းသူ ဗွန်ဒယ်လိုင်းကို ဥရောပကော်မရှင် အကြီးအကဲရာထူး အဆိုပြုတာဟာ အီးယူပြိုကွဲမသွားစေဖို့ ရည်ရွယ်ပေမယ့် ဂျာမန် အစိုးရအဖွဲ့အတွင်း အပြစ်အနာအဆာ မကင်းတဲ့ သူ့မှတ်တမ်းဟာ အီးယူထိပ်တန်းရာထူးအတွက် သင့်တော်မှု ရှိ၊မရှိ မေးခွန်းထုတ်စရာတွေ ရှိလာမှာပါ။ ၂၀၁၃ ခုနှစ်ကစလို့ ဂျာမန် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းလာတဲ့  ဗွန်ဒယ်လိုင်းကို အီးယူခေါင်းဆောင်တွေက အားလုံးကို ညီညွတ်စေတဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ရယ်၊ အီးယူထိပ်တန်း အဖွဲ့အစည်းတွေကို ဘယ်သူဦးစီးသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ အဖြေမရတာကို ကုစားဖို့ရယ် အဲဒီအတွက်  ရွေးချယ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

June 14, 2019

ဥရောပသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဉရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အီးယူက အကူအညီပေးရေး ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဉရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Eamon Gilmore အား မနေ့ မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့တာလို့ အတိုင်ခံရုံးက ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်ရေးအတွက် အီးယူမှ အကူအညီပေးရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အီးယူမှ ဆက်လက်ကူညီပံ့ပိုးရေး၊ မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt နဲ့  အီးယူကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
2 years Ago
More News
Up