ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုရှိနိုင်လို့ အသင်းက နာမည်ကြီး ကစားသမားတွေကို ရောင်းချရဖို့ ရှိနေပါတယ်။
ရီးရဲလ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်ကစားသမား ဟာဇက်ကို ပေါင်သန်း ၁၃၀ လောက်နဲ့ ဝယ်ယူခဲ့သလို ဖရန့်ဖတ်တိုက်စစ်မှူး ယိုဗစ်ကိုလည်း ပေါင် ၆၂ သန်းနဲ့ ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေါ်တိုနောက်ခံလူ မီလီတာအိုနဲ့ ဘရာဇီးကလပ် ဆန်းတို့စ်တိုက်စစ်မှူး ရိုဒရိုင်ဂို တို့ကိုလည်း စုစုပေါင်း ပေါင်သန်း ၁၀၀ လောက်နဲ့ ဝယ်ယူထားတာကြောင့် အပြောင်းအရွှေ့မှာ စုစုပေါင်း ပေါင်သန်း ၂၅၀ လောက် အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဝင်ငွေနဲ့ထွက်ငွေ မျှတမှုရှိစေပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် အသင်းက ကစားသမားတွေကို ပြန်လည်ရောင်းချပြီး ငွေရှာဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းက ကစားသမား ၁၃ ဦးအထိ ရောင်းချရဖို့ရှိပြီး ဂါရတ်ဘေးလ်၊ အစ္စကို၊ ဂျိမ်းရိုဒရီဂွက်ဇ်၊ ကိုဗာချစ် စတဲ့ နာမည်ကြီး ကစားသမားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
2 years Ago