ဦးဖြိုးမင်းသိန်း

A d v e r t i s e m e n t With Us

November 17, 2018

SME လုပ်ငန်း ချေးငွေရရေး ဘဏ်များ၏ယုံကြည်မှု တည်ဆောက်ရမည်ဟု ဦးဖြိုးမင်းသိန်းပြော

အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချေးငွေ လိုအပ်မှာဖြစ်ပြီး ချေးငွေရရှိဖို့ ဘဏ်တွေရဲ့ ယုံကြည်စိတ်ချမှုရှိဖို့ နည်းပညာ၊ ငွေကြေးသုံးစွဲမှု ဈေးကွက်အခြေနေတွေ ဖန်တီးတည်ဆောက်ရမယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမကြီးပေါ်ရှိ Myanmar Expo Fortune Plaza မှာ မနေ့က ပြုလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီရဲ့ သတ္တမအကြိမ်မြောက် MSMEs Products ဒေသအတွင်းပြပွဲနဲ့ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားမှာ ၀န်ကြီးချုပ်က ပြောကြားလိုက်တာပါ။ “ကျနော်တို့ ရန်ကုန်တိုင်းရဲ့ အဓိက ကျောရိုးဟာ SME နဲ့ အခြေခံပြီး မောင်းနှင် အားကတော့ ဘဏ်တွေနဲ့ တွန်းအားပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ SME လုပ်ငန်းတွေကို ပိုပြီးတိုးတက်လာဖို့၊ သေးငယ်လတ် စီးပွားရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက် လာဖို့ဆိုရင် သူတို့ရဲ့ လုပ်ငန်းတွေမှာ နည်းပညာ အားဖြင့် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါမယ်။ ငွေကြေး ကဏ္ဍ သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး အတတ်ပညာတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် သူတို့လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ချေးငွေလိုအပ်ပါတယ်။ ချေးငွေရရှိနိုင်ဖို့ ဆိုရင် သူတို့မှာ နည်းပညာ၊ ငွေကြေးသုံးစွဲမှု ဈေးကွက် ဒီအခြေအနေတွေကို ဖန်တီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ချေးငွေပေးမယ့် ဘဏ်တွေက ယုံကြည်စိတ်ချပြီး ချေးငွေထုတ်ပေးမှာဖြစ်ပါတယ်။ အသေးစား အလတ်စား အငယ်စား စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ဟာ ကျနော်တို့ အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်ပါတယ်။” ရန်ကုန်တိုင်းအတွင်း အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းတွေကို ဒီဂျစ်တယ် နည်းပညာတွေ အသုံးပြုပြီး ဘိုင်အို မတ်ထရစ်စနစ်နဲ့ စာရင်းပြုစုထားကာ စာရင်းပေးသွင်းထားတဲ့ လုပ်ငန်းရှင်ဦးရေ ၃ သောင်းကျော်ရှိပြီး ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းအချို့ဟာ အခွန်ပေးဆောင်ရတာနဲ့ အခြားအခြားသော ဥပဒေရေးရာ ကိစ္စရပ်တွေကို စိုးရိမ်ပူပန်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေကို မိမိတို့ဘာသာ ဆောင်ရွက်နေကြတယ်လို့ ပြောပါတယ်။ ဒီပြပွဲနဲ့ပြိုင်ပွဲကို အာဆီယံနိုင်ငံတွေနဲ့အတူ မြန်မာနဲ့ ဂျပန်အကြား စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်နိုင်ဖို့၊ Business Matching မှာ ဂျပန်မှ ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့၊ မြန်မာထုတ်ကုန် အစိတ်အပိုင်းတွေ ဂျပန်ကို ထုတ်လုပ်ပေးနိုင်ဖို့နဲ့ ရောင်းချနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်တာလို့ သိရပါတယ်။ MSMEs Products ဒေသအတွင်းပြပွဲနဲ့ ပြိုင်ပွဲဖွင့်ပွဲကို ဒုသမ္မတ ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ပါတယ်။
2 years Ago

October 1, 2018

ပြည်သူယုံကြည်အားကိုးလောက်သည့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကြီးရုံး တည်ဆောက်မည်

ပြည်သူလူထု ယုံကြည်အားကိုးလောက်တဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးကြီးရုံးကို မကြာခင် တည်ဆောက်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒီရဲတပ်ဖွဲ့မှူးရုံးဟာ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးအတွက် အမှန်တရားဘက်ကနေ ရပ်တည်နိုင်ဖို့ လုပ်ဆောင်သွားမှာလို့ ဒီမနက်ကျင်းပတဲ့ ၅၄ နှစ်မြောက် ရဲတပ်ဖွဲ့နေ့မှာ ၀န်ကြီးချုပ်က ပြောကြားလိုက်တာပါ။ အဲဒီအဆောက်အအုံကိုတော့ အခုလ အောက်တိုဘာ ဘတ်ဂျက်ကာလအတွင်းမှာ စတင် အကောင်အထည်ဖော်လုပ်ဆောင်မှာဖြစ်ပြီး ရန်ကုန်အစိုးရ လွှတ်တော်ဝန်းကနေ ရှင်စောပုလမ်းဘက်ကို မျက်နှာမူပြီး တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် လက်ရှိ  ပြည်သူ့ရင်ပြင်ထဲကနေ  မီးပွိုင့်တွေကတဆင့် ယာဉ်ကြောပိတ်ဆို့မှုတွေကို ထိန်းချုပ်ထားတဲ့ ကွန်ထရိုးစင်တာစနစ်တွေမှာလည်း လုံခြုံရေး ကင်မရာတွေ ထပ်မံတပ်ဆင်ပြီး အခုအသစ်တည်ဆောက်မယ့် ရဲတပ်ဖွဲ့မှူးကြီးရုံးကနေ ပြောင်းလဲ ထိန်းချုပ်သွားတော့မယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ အချိန်မရွေးပေါ်ပေါက်လာနိုင်တဲ့ မှုခင်းတွေကို ရဲတပ်ဖွဲ့က ထိန်းချုပ်နိုင်ဖို့အတွက်လည်း CCTV ကင်မရာတွေ တိုးချဲ့တပ်ဆင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ရဲတပ်ဖွဲ့ဝင်အရာရှိတွေ တက်ရောက်ခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ လတ်တလော ရန်ကုန်မြို့မှာ လူသတ်မှု၊ ရိုက်နှက်မှုတွေအပါအ၀င် ရာဇ၀တ်မှုတွေ  လူမြင်ကွင်းမှာ ဖြစ်ပွားမှုတွေ တိုးများလာနေပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားပေမယ့် အရေးယူမှုမရှိလို့ ဆိုပြီး ပြစ်မှုကျူးလွန်သူတွေလည်း ရှိနေပါတယ်။ သူဇာလင်း
2 years Ago
More News
Up