ဦးနှောက်မပါဘဲ မွေးဖွားခဲ့သည့် ကလေးငယ် ဖြစ်ရပ်မှန်ရုပ်သံ ထုတ်လွှင့်မည်

A d v e r t i s e m e n t With Us

October 7, 2016

ဦးနှောက်မပါဘဲ မွေးဖွားခဲ့သည့် ကလေးငယ် ဖြစ်ရပ်မှန်ရုပ်သံ ထုတ်လွှင့်မည်

ချန်နယ်လ်-၅ ရုပ်သံလိုင်းမှာ ဖြစ်ရပ်မှန်ဇာတ်လမ်းတခုဖြစ်တဲ့ ဦးနှောက်မပါဘဲ မွေးဖွားလာတဲ့ ကလေးငယ်ရုပ်သံဇာတ်လမ်းကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်လွှင့်သွားမယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ နိုရာဝေါလ်ဟာ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းရည် ၂ ရာခိုင်နှုန်းသာပါပြီး မွေးဖွားလာကာ စပိုင်နာဘိုင်ဖီဒါ (Spina Bifida) လို့ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတဲ့ ရောဂါတမျိုးနဲ့ ၂၀၁၂ ခုနှစ်မှာ မွေးဖွားလာခဲ့တာပါ။ မသန်စွမ်းတဦးအဖြစ် မွေးဖွားလာခဲ့ရပြီး ဆေးပညာအကူအညီနဲ့ ရှင်သန်လာရပေမယ့် ခုချိန်မှာတော့ ရဲရင့်တဲ့ ကလေးငယ်ရဲ့ ဖြစ်ရပ်မှန်ရုပ်သံကို ထုတ်လွှင့်တော့မှာပါ။ သူ့ရဲ့ ရင်ဘတ်အောက်ပိုင်းကစ အကြောသေနေခဲ့ပြီး စစ်ဆေးကုသမှုတွေနဲ့ ရှင်သန်လာခဲ့ရပြီးနောက် ခုချိန်မှာတော့ သူ့ရဲ့ဦးနှောက်ဟာ အခြေအနေကောင်းမွန်လာခဲ့ပြီလို့ ဆိုပါတယ်။ Newcastle’s Great North ကလေးဆေးရုံမှ ဆရာဝန်တွေကတော့ ခုလို မမျှော်လင့်ထားခဲ့ဘဲ နိုရာရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ အမှန်တကယ်ကို အောင်မြင်လာခဲ့ကာ ခုလို တိုးတက်လာမှုအပေါ် အားလုံးက မြင်တွေ့နိုင်တော့မယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံအနောက်မြောက်ပိုင်း၊ ကမ်ဘရီးယားဒေသ၊ အက်ဘီတောင်းမြို့မှာ နေထိုင်တဲ့ မိဘတွေဖြစ်တဲ့ ရှယ်လီ (၄၄ နှစ်) နဲ့ ရော့ဘ် (၅၀ နှစ်) တို့ကတော့ သူတို့ရဲ့ ကလေးငယ်ကို မမွေးဖွားလာခင်ကတည်းက စိတ်ပူပန်နေခဲ့ရတယ်လို့ ဆိုပါတယ်။ နိုရာဟာ ဇစ်ပ်-ဇက်ပ် (Zip-Zap) အမည်ရတဲ့ ဘီးတပ်တွန်းလှည်းကို အသုံးပြုပြီး သွားလာနေခဲ့ရတာပါ။ ပျော့ပျောင်းနူးညံ့တဲ့ ဒီဘီးတပ်တွန်းလှည်းဟာ နိုရာ့ကို သက်သာရာရစေပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ ရှယ်လီက “သူ တနှစ်သားလောက်ကတည်းက သူ့ဟာသူ တွန်းလှည်းနဲ့ ရွေ့လျားနိုင်တယ်။ ဒါက သူ့အတွက် အရေးကြီးပါတယ်။ ခုလို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ နိုရာလိုပဲ ရောဂါခံစားနေရသူတွေကို ပေးလှူချင်ပါတယ်” လို့ ပြောပါတယ်။ ခွဲစိတ်ကုသမှု ၆ ကြိမ်လောက် လုပ်ခဲ့ပြီးချိန်မှာ သူတို့သားငယ်ရဲ့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာတဲ့အတွက် ရှယ်လီနဲ့ ရော့ဘ်တို့က အံ့အားသင့်နေကြတာပါ။ ရှယ်လီက “သူဟာ ခွဲစိတ်ကုသမှုပေါင်းများစွာ ဆက်လုပ်ရဦးမယ်ဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဖြတ်သန်းလာနိုင်ခဲ့တဲ့အတွက် ဒါဟာ အသိအမှတ်ပြုရမှာပါပဲ” လို့ ပြောပါတယ်။
4 years Ago
Up