ဦးဝီရသူ၏ ဟောပြောချက်များ ဝိနည်းနှင့်ညီစေချင်ဟု သာသနာရေး ၀န်ကြီးဟောင်းပြော

May 14, 2019

ဦးဝီရသူ၏ ဟောပြောချက်များ ဝိနည်းနှင့်ညီစေချင်ဟု သာသနာရေး ၀န်ကြီးဟောင်းပြော

ဆရာတော်ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဝိနည်းတော်နဲ့အညီ ဖြစ်စေချင်တယ်လို့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြောပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ဟောပြောချက်တွေဟာ ရဟန်း ဝိနည်းနဲ့ ညီမညီဆိုတာကတော့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေကသာ ဆုံးဖြတ်နိုင် လိမ့်မယ်လို့လည်း ဆိုပါတယ်။ ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးရှုထောင့်နဲ့ အမျိုးဘာသာ ကာကွယ်ရေးရှုထောင့်ဆိုပြီး ပြည်သူတွေ အုပ်စုနှစ်ခုကွဲနိုင်သလို သံဃာတွေကြားမှာလည်း ဂိုဏ်းကွဲသွားနိုင်တဲ့ အခြေအနေမျိုးကို မလိုလားဘူးလို့လည်း ဦးဆန်းဆင့် ပြောပါတယ်။ ဆရာတော်ဦးဝီရသူဟာ သင်္ကန်းဝတ်ထားတဲ့ ရဟန်းတပါးဖြစ်ပေမယ့်  လူထုဟောပြောပွဲတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားအသုံးအနှုန်းတွေနဲ့ ပြောဆိုနေတာဟာ အမျိုးဘာ သာသာသနာကို အကြည်ညိုပျက်စေတယ်ဆိုပြီး ဝေဖန်ချက်တွေထွက်ပေါ် နေတာပါ။ သာသနာရေးဌာနအနေနဲ့ ဦးဝီရသူကို အရေးယူနိုင်ရေး အမှုတည်ဆောက်ဖို့ ကြိုးစားနေ တယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက  မီဒီယာကို ပြောကြားထားပါတယ်။
2 years Ago
Up