ဦးမျိုးရန်နောင်သိန်းကို ဆက်သွယ်ဥပဒေပုဒ်မဖြင့် ဖမ်းဆီး

A d v e r t i s e m e n t With Us

April 7, 2017

ဦးမျိုးရန်နောင်သိန်းကို ထောင်ဒဏ် ၆ လ အမိန့်ချမှတ်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းကို ကမာရွတ်မြို့နယ်တရားရုံးက ဧပြီ ၇ ရက် မွန်းလွဲပိုင်းက  ထောင်ဒဏ် ၆ လ ကျခံဖို့  အမိန့်ချမှတ်လိုက်ပါတယ်။ အန်အယ်လ်ဒီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့ စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး ၂၀၁၆၊ အောက်တိုဘာ ၃၁ ရက်မှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အကောင့်ပိုင်ရှင်ဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်းကို ၂၀၁၆၊ နိုဝင်ဘာ ၃ ရက်က ဗဟန်းမြို့နယ် ယုဇနဟိုတယ်မှာ  ဖမ်းဆီးသွားခဲ့တာလည်း ဖြစ်ပါတယ်။
4 years Ago

November 3, 2016

ဦးမျိုးရန်နောင်သိန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို စစ်တပ်က ဒီကနေ့ညနေ ၃နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဦးမျိုးရန်နောင်သိန်းရဲ့ မိတ်ဆွေ ဦးနေမိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။ “လွန်ခဲ့တဲ့ ၁ နာရီလောက်က ဖမ်းသွားပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ လာခေါ်တာလို့ ပြောပါတယ်။  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) လို့တော့ ပြောပါတယ်ဗျာ။ ကျနော်နဲ့ အတူတူစကားပြောနေတုန်းပဲ ဖမ်းသွားတာပါ။ လာဖမ်းတာက လူလေးငါးယောက်ပါတယ်။ ဦးမျိုးရန်နောင်သိန်းကို ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရသေးဘဲ လိုက်လံစုံစမ်းနေဆဲပဲ” လို့လည်း ဦးနေမိုးအောင်က ပြောပါတယ်။ သူ့ကိုဘယ်ကိစ္စနဲ့ဖမ်းတယ်ဆိုတာကို မသိရသေးပေမယ့် လောလောဆယ်တော့ အေးအေးဆေးဆေး ဆွေးနွေးနေကြောင်း ဦးမျိုးရန်နောင်သိန်းက ဖုန်းဆက် အကြောင်းကြား ထားတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဦးမျိုးရန်နောင်သိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ထားတဲ့စာရေးတင်ထားတာ တွေ့ရပါတယ်။
4 years Ago
Up