ဦးမျိုးရန်နောင်သိန်း

A d v e r t i s e m e n t With Us

April 12, 2017

ဦးမျိုးရန်နောင်သိန်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံခဲ့ရပြီး အလုပ်နဲ့ထောင်ဒဏ် ၆ လ ကျခံခဲ့ရတဲ့ ဦးမျိုးရန်နောင်သိန်းဟာ ဒီကနေ့ ဧပြီ ၁၂ ရက် မနက် ၈ နာရီကျော်လောက်က အင်းစိန်  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ မေလ ၃ ရက်နေ့မှာ ပြန်လည်လွတ်မြောက်ရမှာဖြစ်ပေမယ့် ချုပ်ရက်နဲ့ သင်္ကြန်ပိတ်ရက် လျှော့တာတွေကြောင့် ၅ လနဲ့ ၉ ရက်မြောက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာပါ။ သူ့ကို ဧပြီ ၇ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၆ လ ကျခံဖို့အတွက် ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာချုပ်က တရားစွဲထားတာ ဖြစ်ပါတယ်။
4 years Ago

April 11, 2017

ပုဒ်မ ၆၆ ဃနှင့် တရားစွဲခံထားရသည့် ဦးမျိုးရန်နောင်သိန်းကို မနက်ဖြန် ပြန်လွှတ်မည်

  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံခဲ့ရပြီး အလုပ်နဲ့ထောင်ဒဏ် ၆ လကျခံခဲ့ရတဲ့ ဦးမျိုးရန်နောင်သိန်း ကို ဧပြီလ ၁၂ ရက်နေ့ မနက် ၈ နာရီမှာ အင်းစိန်အကျဉ်းထာင်ကနေ ပြန်လည် လွှတ်ပေးတော့မှာဖြစ်ပါတယ်။ အခုလိုလွှတ်ပေးတာဟာ ချုပ်ရက်နဲ့ နှစ်သ်ကူးရုံးပိတ်ရက်တွေအတွက် လျော့ပြီးလွှတ်ပေးမှာ ဖြစ်တယ်လို့ ဦးမျိုးရန်နောင်သိန်းရဲ့ဇနီး ဒေါ်ချိုချိုက ဒီဗွီဘီကို ပြောပါတယ်။ ဦးမျိုးရန်နောင်သိန်းကို ပြီးခဲ့တဲ လဧပြီလ ၇ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ၆လ ကျခံဖို့အတွက် ကမာရွတ်မြိုနယ်ရားသူကြီးက အမိန့်ချမှတ်ခဲတာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - စိုးယုဇော်
4 years Ago
More News
Up