ဦးပိန်

July 27, 2018

ဝါဆိုလပြည့်နေ့တွင် ဦးပိန်​တံတားသို့ လာ​ရောက်​လည်​ပတ်​သူ များပြား (ဓာတ်ပုံ)

ဝါဆိုလပြည့်နေ့မှာ မန္တ​လေးမြို့ ​လေးပြင်​​လေးရပ်​နဲ့ ​ဒေသအသီးသီး အနယ်နယ်​အရပ်​ရပ်က​နေပြီး ကမ္ဘာ​ကျော် ​ဦးပိန်​တံတားကြီးကို ဇူလိုင်​ ၂၇ ရက်​​ ဝါဆိုလပြည့်နေ့မှာ လာ​ရောက်​လည်​ပတ်​သူ​တွေ များပြား​နေပါတယ်။ အမရပူရမြို့နယ်​​ တောင်​သမန်​အင်းမှာ တိုင်​လုံး​ပေါင်း ၁ဝ၈၆ လုံးနဲ့ အခန်း ၄၈၂ ခန်း၊ ဇရပ်​ ၄ ​ဆောင်​၊ ​ဖောင်​​ကြောင်း ၉ ခု၊ တံတားအရှည်​ ၇ ဒသမ ၈ ဖာလုံရှည်​တဲ့ ဦးပိန်​တံတားကို ၁၂၁၁ ခုနှစ်​က စတင်​တည်​​ဆောက်​ခဲ့ကာ ၁၂၁၃ ခုနှစ်​မှာ ပြီးစီးခဲ့ပြီး မြို့စာရေး ဦးပိန်​က လှူဒါန်းခဲ့တဲ့ ကမ္ဘာ​ကျော် ​ဦးပိန်​တံတားကြီး ဖြစ်​ပါတယ်​။
3 years Ago

June 2, 2018

ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှု ဦးပိန်တံတား နှင့် မယ်ဇယ်တန်းတွင် ပြုလုပ်

မန္တလေး၊ အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတားနဲ့ မယ်ဇယ်တန်းမှာ ဒီနေ့ မနက်ပိုင်းက ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အကြို ပလပ်စတစ်ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို Clean Mandaly နဲ့Trash Hero Mandalay တို့ ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေနဲ့နိုင်ငံခြားသားတချို့လည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံတိုးတက်ကောင်းမွန်အောင် ပြောင်းလဲနေချိန် လူတိုင်း စည်းကမ်းရှိဖို့ နိုင်ငံအတွင်း သာယာလှပတဲ့ နေရာတွေမှယ စည်းကမ်းမဲ့ အမှိုက်ပစ်တာကြောင့် မပျက်စီးစေဖို့၊ မိမိနိုင်ငံသာမက ကမ္ဘာလောကကြီး သာယာလှပဖို့ ပြည်သူတွေအနေနဲ့ တဦးတယောက်ချင်း အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပစ်ပေးစေဖို့ ရည်ရွယ်ပြီး အခုလို ပလတ်စတစ် ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်တာဖြစ်ပါတယ်။ Clean Mandaly နဲ့ Trash Hero Mandalay အဖွဲ့တွေဟာ မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေ၊ ပြည်တွင်း ပြည်ပ ခရီးသွား ဧည်သည်တွေ လာရောက်တဲ့ နေရာတွေမှာ ပလပ်စတစ် ကင်းစင်ရေး လှုပ်ရှားမှုတွေကို အပတ်စဉ် ပြုလုပ်နေသလို အသိပညာပေးတာကိုလည်း လုပ်နေတာပါ။
4 years Ago
Up