ဥရောပ ၅ နိုင်ငံ

March 5, 2020

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် ဥရောပ ၅ နိုင်ငံကို အစ္စရေးကန့်သတ်

အစ္စရေးအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက်  ခရီးသည်အဝင်အထွက် ကန့်သတ်နိုင်ငံများစာရင်းမှာ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဩစတြေးယားနဲ့ ဆွစ်ဇာလန် ၅ နိုင်ငံကို မတ် ၄ရက်က စပြီး ထပ်မံထည့်သွင်းလိုက်ပါတယ်။  အစ္စရေးဟာ မူလက တရုတ်၊ စင်ကာပူနဲ့ အီတလီနိုင်ငံတို့က ခရီးသည်အဝင်အထွက်တွေနဲ့ ပတ်သက်လို့ ကန့်သတ်ခဲ့ပြီးသားပါ။  ထုတ်ပြန်လိုက်တဲ့ စာရင်းအရ အထက်ပါ ဥရောပငါးနိုင်ငံကနေ အစ္စရေးကို ပြန်လာတဲ့ လေယာဉ်စီး ခရီးသည်တွေကို နေအိမ်မှာ သီးခြားခွဲထုတ်ကုသမှု ၁၄ ရက်ထားရှိမယ်လို့ သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကာကွယ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ အချင်းချင်း လက်ဆွဲနှုတ်ဆက်တာတွေမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အစ္စရေးမှာ အခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၁၅ မှုဖြစ်ထားပြီး ဗိုင်းရပ်စ်ကူးစက်ခံ နေရတဲ့ နိုင်ငံတွေဆီက ပြန်လာတဲ့ အစ္စရေးနိုင်ငံသား ငါးထောင်ကိုလည်း နေအိမ်မှာ သီးခြားစောင့်ကြည့်ကုသခဲ့ပါတယ်။  ဒီအတွင်း ဩစတြေးယားအစိုးရကလည်း သူ့နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး နောက်ပိုင်းမှာ တောင်ကိုရီးယားက ခရီးသည်တွေ ဝင်ရောက်မှုကို မတ် ၅ ရက်ကစပြီး ပိတ်ပင်လိုက်ပါတယ်။
1 year Ago
Up