ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်

February 1, 2020

အီးယူအဖွဲ့ဝင်အဖြစ်မှ ဗြိတိန် နုတ်ထွက်

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်အဖြစ် ၄၇ နှစ်အကြာ ပါဝင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၃၁ ရက်မှာ အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့ပါတယ်။ ဒါဟာ အီးယူကနေ နုတ်ထွက်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ၃ နှစ် ကာလအတွင်း ဗြိတိန်က  နုတ်ထွက်ခဲ့တာပါ။ ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီက ပြုလုပ်တဲ့ ဒီသမိုင်းဝင်အခိုက်အတန့်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဆန္ဒပြပွဲတွေ ပါဝင်ခဲ့ပါတယ်။ အီးယူကနေ ဗြိတိန်နုတ်ထွက်တာကို ထောက်ခံသူတွေက ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြသလို ဘရဲဆစ် ဆန့်ကျင်သူတွေ၊ အထူးသဖြင့် အီးယူအတွင်း ဆက်နေတဲ့ စကော့တလန် ပြည်သူတွေကတော့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ အီးယူကနေ မနုတ်ထွက်ခင် ၁ နာရီအလိုမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူဟာ အားလုံးရဲ့ ခံစားချက်တွေကို နားလည်ပြီး အစိုးရတရပ်အနေနဲ့ သူ့တာဝန်ကတော့ ဗြိတိန်ကို စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်ဦးဆောင်သွားဖို့ပဲ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အီးယူ ၂၇ နိုင်ငံ ပြည်သူတွေကလည်း ဗြိတိန်ကို နှုတ်ဆက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up