ဥရောပသမဂ္ဂ ညီလာခံ

October 7, 2021

တရုတ်ကို ဗျူဟာသစ်ဖြင့် ချဉ်းကပ်ရန် ဥရောပသမဂ္ဂ ညီလာခံတွင်ဆွေးနွေး

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက ခေါင်းဆောင်တွေဟာ တရုတ်-ဥရောပ ဗျူဟာအရေး ပထမဆုံး ထိပ်သီးညီလာခံကို အောက်တိုဘာ ၅ ရက်မှာ ကျင်းပပြီး တရုတ်ကို ချဉ်းကပ်နည်း အသစ်အတွက် စတင်ဆွေးနွေးခဲ့ကြပါတယ်။

ဥရောပသမဂ္ဂဟာ တရုတ်အစိုးရကို မတ်လက ဒဏ်ခတ်ခဲ့ပြီးတည်းက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အသစ်ကို ထိခိုက်နစ်နာစေဖို့ လက်တုံ့ပြန်တဲ့ကိစ္စတွေ ပေါ်ပေါက် ခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကို တုံ့ပြန်ရေး အကောင်အထည်ဖော်ဖို့ ဥရောပသမဂ္ဂဟာ စုပေါင်းအသိဉာဏ်ကို ပြရမယ်လို့ ဥရောပကောင်စီ ဥက္ကဌ ချားလ်စ် မစ်ချယ်က ပြောပါတယ်။

စလိုဗေးနီးယားနိုင်ငံ ဘရဒိုနန်းတော်မှာ ကျင်းပတဲ့ ညီလာခံဟာ အမေရိကန်ကို မှီခိုနေရာကနေ လွတ်ကင်းပြီး ပိုလွတ်လပ်တဲ့ဥရောပ ဖြစ်လာစေရေးနဲ့ အာရှကိုရွှေ့လာတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တစိတ်တပိုင်း ပါဝင်ရေး ဆွေးနွေးဖို့ခိုက်အတံ့ ဖြစ်လာနိုင်တယ်လို့ အရာရှိတွေနဲ့ သံတမန်တွေက ပြောပါတယ်။

ဒီညီလာခံမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အနာဂတ်မှာ ဖြစ်လာရေး မျှော်လင့်နေတဲ့ ဘောလ်ကန်ဒေသက နိုင်ငံခြောက်နိုင်ငံပါ ပူးပေါင်းဆွေးနွေး လိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

2 weeks Ago
Up