နှစ်ပေါင်းများစွာကြာအောင် ဥရောပမြို့ကြီးတွေ ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ တိုက်ခိုက်ရေး အကြမ်းဖက်သမားတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေ ထုတ်ပြန်နေပါတယ်။
အိုင်အက်စ်ရဲ့သတင်းလွှာ အယ်လ်နာဘာ al-Naba မှာပါတဲ့ ညွှန်ကြားချက်ထဲမှာတော့ ဥရောပမှာ ရှိနေပြီးသား ဂျီဟတ်ဒ်ဝါဒီတွေဟာ နေမကောင်းဖြစ်နေသူတွေဆိုရင် အဲဒီမှာပဲ ဆက်ရှိ နေသင့်ပြီး ကျန်းမာသူတွေကတော့ ကပ်ရောဂါဖြစ်နေတဲ့ အဲဒီနယ်မြေထဲ မဝင်သင့်ဘူးလို့ ညွှန်ကြားထားပါတယ်။
အဲဒီသတင်းလွှာက ကိုရိုနာကပ်ရောဂါဟာ သူဖြစ်စေချင်တဲ့ ဘယ်သူမဆိုဆီကို ဘုရား သခင်က ပို့လိုက်တဲ့ ကပ်ရောဂါလို့ အကြမ်းဖက်သမား ဂျီဟတ်ဝါဒီတွေကို ညွှန်ကြားပြောဆို ထားပါတယ်။
လက်ရှိမှာ အိုင်အက်စ်အဖွဲ့ရဲ့ လက်ကျန်ခြေကုပ်နေရာတွေ အများစုရှိနေသေးတဲ့ အီရတ် နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၁၁၀ ရှိပြီး ၁၀ ယောက် သေဆုံးတယ်လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်သုတေသနကို ကိုးကားပြီး နယူးယောက်ပို့စ်သတင်းက ဖော်ပြထားပါ တယ်။
12 months Ago