ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်သြဂုတ်လဆန်း စတင်ကျင်းပနိုင်ဖို့ ဥရောပဘောလုံးအဖွဲ့ ချုပ်က သတ်မှတ်လိုက်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်တွေကို ၁၆ သင်းအဆင့်မှာ ရပ်နားထားခဲ့ရတာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ် ၄ ပွဲဆက်ကစားဖို့ ရှိနေတာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ မေ ၆ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ပြီး လာမယ့်သြဂုတ် ၈ ရက်မှာ စတင်ကျင်းပဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ထိပ်တန်းလိဂ်ပြိုင်ပွဲတွေအားလုံးကို ဇူလိုင်လကုန်မှာ အပြီးကျင်းပဖို့ ညွှန်ကြားထားပြီး ၁၆ သင်းအဆင့် လက်ကျန်ပွဲစဉ် ၄ ပွဲကို သြဂုတ် ၈ ရက် စတင်ဖို့ စီစဉ်ထားပါတယ်။
ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲစဉ်တွေကိုတော့ စက်တင်ဘာလအတွင်း ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီ၊ အက်သလက်တီကို၊ အက်တလန်တာနဲ့ လိုက်ဇစ်တို့က ကွာတားဖိုင်နယ် တက်ရောက်ထားပြီးဖြစ်ပါတယ်။
လက်ကျန် ဒုတိယအကျော့ ပွဲစဉ်တွေအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ နာပိုလီ၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်နဲ့ လိုင်ယွန်အသင်းတို့ ကစားရမှာဖြစ်ပါတယ်။
10 months Ago