ဥရောပဘောလုံးအဖြွ့ချုပ်

A d v e r t i s e m e n t With Us

June 15, 2020

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပွဲများ ဆက်ကျင်းပသွားမည့်အစီအစဉ် ဇွန် ၁၇ ရက် ဆုံးဖြတ်မည်

အခုနှစ် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ဘယ်လိုဆက်ပြီး ကျင်းပသွားမလဲဆိုတာကို ဥရောပဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေဟာ လာမယ့် ဇွန် ၁၇ ရက်နေ့မှာ Video Conference နဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၊ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို ပိုလန်နိုင်ငံ ဂဒမ့်ခ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွင်းတကွင်းတည်းမှာပဲ ပွဲစဉ်အားလုံး ကျင်းပဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။  ဒီအခြေအနေကြောင့် ကျင်းပမယ့် ကွင်းအ‌ပြောင်းအလဲဖြစ်လာနိုင်ပြီး ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့နဲ့ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွေမှာ ပြောင်းလဲကျင်းပဖွယ်ရှိတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ လက်ကျန် ဥရောပပွဲစဉ်တွေကို တကျော့တည်းသာ ကစားဖို့ ဆွေးနွေးဖို့ရှိသလို ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲ ပွဲစဉ်ဇယားနဲ့ လက်ခံကျင်းပမယ့်ကွင်းတွေကိုလည်း အတည်ပြုဖို့ ရှိနေပါတယ်။  ချန်ပီယံလိဂ်မှာ အက်သလက်တီကို၊ ပီအက်စ်ဂျီ၊ အက်တလန္တာနဲ့ လိုက်ဇစ်အသင်းတွေက ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး တခြား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ၄ ပွဲ ဆက်ကစားဖို့ ကျန်ရှိပါတယ်။  ယူရိုပါလိဂ်ပွဲစဉ်တွေကတော့ ၁၆ သင်းအဆင့်ပွဲတွေ ဆက်ပြီးကစားရမှာ ဖြစ်ပါတယ်။
9 months Ago
Up