ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ဆုပေးပွဲအခမ်းအနားတွေကို ပုံမှန်အတိုင်း ပြန်လည် ဆုချီးမြှင့်ပေးမယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အခုနှစ်ရာသီအတွင်း ကျင်းပခဲ့တဲ့ ဆုချီးမြှင့်ပွဲတွေမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆုဖလားနဲ့ ဆုတံဆိပ်ချီးမြှင့်ခြင်းမရှိခဲ့ဘဲ ကစားသမားတွေကိုယ်တိုင် ယူခဲ့ရတာပါ။
ဥရောပလိဂ်ပြိုင်ပွဲနှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေမှာတော့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဇန္ဒားဆက်ဖာရင် ကိုယ်တိုင် ဆုချီးမြှင့်ပေးမှာပါ။
ဆက်ဖာရင် ကိုယ်တိုင်ဟာလည်း ဗိုလ်လုပွဲတွေမတိုင်ခင်မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကြိုတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။
ယူရိုပါလိဂ်ဗိုလ်လုပွဲကို သြဂုတ် ၂၂ ရက်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို သြဂုတ် ၂၄ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
3 years Ago