ဥရောပပြိုင်ပွဲ

A d v e r t i s e m e n t With Us

July 14, 2020

မန်စီးတီးကို ဥရောပပြိုင်ပွဲများ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက် UEFA ပယ်ဖျက်

UEFA ပြိုင်ပွဲတွေမှာ ၂ နှစ် ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကို အားကစားဆိုင်ရာ ခုံသမာဓိရုံး CAS က ပယ်ဖျက်လိုက်တာကြောင့် မန်စီးတီးအသင်းဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိသွားပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ပြိုင်ပွဲဝင်ရောက်ခွင့် ပိတ်ပင်ခံရခြင်းနဲ့အတူ ပေါင် ၂၅ သန်းလည်း ဒဏ်ငွေ ချမှတ်ခံခဲ့ရပါတယ်။  မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးအရ မျှတစွာယှဉ်ပြိုင်ရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့အတွက် စပွန်ဆာတွေကနေ ရရှိတဲ့ ဝင်ငွေကို မသမာမှုပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။  ဒါပေမဲ့ အခုချိန်မှာတော့ ဒီပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ပေးဆောင်ရမယ့် ဒဏ်ငွေပမာဏဟာလည်း ပေါင် ၈ ဒသမ ၉ သန်းအထိ လျော့ကျသွားပြီ ဖြစ်ပါတယ်။ “စုံစမ်းစစ်ဆေးမှုတွေအရ CFCB ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မန်စီးတီးအသင်းရဲ့ ပူးပေါင်းပါဝင်ဖို့ ပျက်ကွက်မှုတွေအတွက် အသင်းကို UEFA ရဲ့ ကလပ်အသင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ခွင့် ၂ နှစ် ပိတ်ပင်ဖို့ မသင့်တော်ကြောင်း တွေ့ခဲ့ရတယ်” လို့ CAS က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။  ပြောင်းလဲလိုက်တဲ ဆုံးဖြတ်ချက်အပြည့်အစုံကို မကြည့်ရှုရသေးပေမယ့် မန်စီးတီးနဲ့ အသင်းရဲ့ဥပဒေအဖွဲ့တို့ဟာ ဆုံးဖြတ်ချက်အသစ်ကို ကြိုဆိုကြောင်းနဲ့ ဒီဆုံးဖြတ်ချက် ချမှတ်ရာမှာ ပါဝင်ခဲ့သူတွေကို ကျေးဇူးတင်ကြောင်လည်း မန်စီးတီအသင်းက ထုတ်ပြန်ပါတယ်။ UEFA ဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မန်စီးတီးအသင်းအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရရှိဖို့ သေချာနေပြီ ဖြစ်တာကြောင့် နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ကို ထပ်မံတွေ့ရတော့မှာ ဖြစ်ပါတယ်။  အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂွါဒီယိုလာနဲ့ အသင်းသားတွေဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို ကစားရဖို့ ရှိနေပါတယ်။  ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး ရီးရဲလ်ကိုသာ ကျော်ဖြတ်နိုင်မယ်ဆိုရင် လိုင်ယွန် ဒါမှမဟုတ် ဂျူဗင်တပ်စ်အသင်းနဲ့ နောက်တဆင့်မှာ တွေ့ရဖို့ ရှိနေပါတယ်။
8 months Ago

June 8, 2020

ဥရောပပြိုင်ပွဲ ပိတ်ပင်ခံထားရသည့် မန်စီးတီးအသင်း၏ အယူခံအမှု ၃ ရက်ကြာ စစ်ဆေးမည်

မန်စီးတီးအသင်းရဲ့ ဥရောပဝင်ခွင့် ပိတ်ပင်ခံထားရတဲ့အပေါ် အယူခံဝင်မှုကို  ၃ ရက်ကြာ စတင် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ၂ နှစ်ပိတ်ပင်ခံထားရပြီး ဒဏ်ငွေ ယူရိုသန်း ၃၀ ဆိုင်းငံ့ ပြစ်ဒဏ်လည်း ချမှတ်ခံထားရတာပါ။  ဇွန် ၈ ရက်ကနေ ၁၀ ရက်နေ့အထိ အားကစားခုံရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံမှာ အယူခံအမှုကို စစ်ဆေးသွားမှာဖြစ်ပါတယ်။  မန်စီးတီးအသင်းကို ပိုင်ဆိုင်တဲ့ အဘူဒါဘီယူနိုက်တက် အုပ်စုဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အတွင်း ငွေကြေးများစွာ အသုံးပြုခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းက ကန့်သတ်ထားတဲ့ပမာဏထက် ကျော်လွန်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။  မန်စီးတီးအသင်းအနေနဲ့ အယူခံဝင်မှု မအောင်မြင်ခဲ့ရင်တော့ လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာမဟုတ်သလို ၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။
9 months Ago
Up