ဥရောပစွမ်းအင်

October 7, 2021

ဥရောပစွမ်းအင်အကျပ်အတည်း ရုရှားပယောဂ မပါဟုဆို

ဥရောပစွမ်းအင်ဈေးကွက် အခက်အခဲအကျပ်အတည်းမှာ ရုရှားရဲ့ အခန်းကဏ္ဍ ပယောဂတခုမှ မပါဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။

ဥရောပမှာ သဘာဝဓာတ်ငွေ့ ဈေးနှုန်း ထိုးတက်သွားတာဟာ ဝယ်လိုအား ပြန်တက်လာပြီး သိုလှောင်ထားတဲ့ ပမာဏနည်းပါးတဲ့အပြင် အားကစားဈေးကွက်ကို ကုန်စည်ဖြန့်ဖြူးမှု နည်းလို့ အချက်အလက်တွေ ပေါင်းဆုံပြီး အကျပ်အတည်း ဖြစ်တာလို့လည်း သူက ပြောပါတယ်။

ဥရောပရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ ဒတ်ချ် လက်ကားဓာတ်ငွေ့ နိုဝင်ဘာလအတွက် အရောင်းဈေးဟာ နှစ်စကထက် ၈ ဆ အထိ စံချိန်တင် ထိုးတက်သွားခဲ့ပါတယ်။

ဓာတ်ငွေ့ဈေးကွက်မှာ ဖြစ်ပျက်နေတာတွေက ရုရှားရဲ့ လက်ချက် လုံးဝမဟုတ်ဘူးလို့ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေနဲ့ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။

စီးပွားရေး ပြန်တက်လာပြီး စွမ်းအင်ရင်းမြစ် ဈေးကွက်ဝယ်လိုအား တိုးလာချိန်မှာ ဓာတ်ငွေ့တွေ အဆင်သင့် သိုလှောင်ဖြည့်တင်းမထားလို့ ခုလိုဖြစ်တာလို့လည်း သူက ပြောပါတယ်။

ရုရှားအစိုးရဟာ ဥရောပ ဖောက်သည်တွေနဲ့ ဓာတ်ငွေ့ အရောင်း ရေရှည် စာချုပ်သစ်တွေ ချုပ်ဆိုရေး ဆွေးနွေးဖို့ အဆင်သင့်ရှိနေပြီး  ရုရှားဓာတ်ငွေ့တင်ပို့သူ ဂက်စ်ဇ်ပရွန်က သူ့ရဲ့ ဝတ္တရား အားလုံးကို ပြည့်မီခဲ့တဲ့ သမိုင်းရှိတယ်လို့ ပဲ့စ်ကို့ဗ်က ထပ်လောင်း ပြောဆို ခဲ့ပါတယ်။ 

1 year Ago
Up