ဥရောပစူပါဖလားပွဲစဉ်အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးနဲ့ ယူရိုပါလိဂ် ချန်ပီယံ ချဲလ်ဆီးတို့ မနေ့ကယှဉ်ပြိုင်ရာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ လီဗာပူး အနိုင်ရပြီး ဖလားဆွတ်ခူးသွားပါတယ်။
ဒီပြိုင်ပွဲဟာ ပြီးခဲ့တဲ့ရာသီက ဥရောပချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ရဲ့ ရာသီအကြို ယှဉ်ပြိုင်တဲ့ ပွဲစဉ်တခု ဖြစ်ပါတယ်။
လီဗာပူးအသင်းမှာ ဂိုးသမားအဖြစ် အေဒရီယန်နဲ့ ပွဲထွက်လာပြီး ချိန်ဘာလိန်၊ မာနေး၊ ဆာလက်၊ မီလ်နာ၊ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ရောဘတ်ဆန်၊ မာတစ်၊ ဂိုမက်ဇ်၊ ဗန်ဒိုက်တို့ကို အသုံးပြုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို နည်းနည်းပြောင်းပြီး တိုက်စစ်မှူး ဂျရူး၊ ကန်တေတို့ကို ပွဲအစကတည်းက ထုတ်သုံးသွားပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်း ကစားပုံ ပိုကောင်းပြီး လီဗာပူးဘက်ကို ဖိအားပေးနိုင်သလို ၃၆ မိနစ်မှာ တိုက်စစ်မှူး ဂျရူးက ဦးဆောင်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းက တိုက်စစ်မှူး ဖာမီနိုကို လူစားဝင်ကစားစေပြီး ချေပဂိုးရရေး တိုကစစ်ဆင်ကစားပြီး ပွဲချိန် ၄၈ မိနစ်မှာ မာနေးက ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီ့နောက် မိနစ်ကိုးဆယ်အထိ သရေကျလို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ ပွဲချိန် ၉၅ မိနစ်မှာ မာနေးကပဲ ဦးဆောင်ဂိုးသွင်းပြီး နှစ်ဂိုး တဂိုးနဲ့ လီဗာပူး ဦးဆောင်နိုင်ပေမယ့် ၁၀၁ မိနစ်မှာ ပယ်နယ်တီကတဆင့် ဂျော်ဂျင်ဟိုက ချဲလ်ဆီးအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။
အချိန်ပိုမှာလည်း သရေကျလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ လီဗာပူးက ငါးဂိုးစလုံးဝင်ပြီး ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟင်မ်ရဲ့ ကန်သွင်းချက် လီဗာပူးဂိုးသမား ခြေထောက်နဲ့ထိပြီး ဂိုးမဝင်တဲ့အတွက် လီဗာပူးအနိုင်ရပြီး ဥရောပစူပါဖလား ဆွတ်ခူးသွားတာ ဖြစ်ပါတယ်။
Zawgyi Version
ပယ္နယ္တီအဆုံးအျဖတ္ျဖင့္ ခ်ဲလ္ဆီးကိုႏိုင္ၿပီး လီဗာပူး ဥေရာပစူပါဖလား ဆြတ္ခူး (႐ုပ္သံ)
DVB
ဥေရာပစူပါဖလားပြဲစဥ္အျဖစ္ ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးနဲ႔ ယူ႐ိုပါလိဂ္ ခ်န္ပီယံ ခ်ဲလ္ဆီးတို႔ မေန႔ကယွဥ္ၿပိဳင္ရာ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ လီဗာပူး အႏိုင္ရၿပီး ဖလားဆြတ္ခူးသြားပါတယ္။
ဒီၿပိဳင္ပြဲဟာ ၿပီးခဲ့တဲ့ရာသီက ဥေရာပခ်န္ပီယံလိဂ္ ခ်န္ပီယံနဲ႔ ယူ႐ိုပါလိဂ္ ခ်န္ပီယံတို႔ရဲ႕ ရာသီအႀကိဳ ယွဥ္ၿပိဳင္တဲ့ ပြဲစဥ္တခု ျဖစ္ပါတယ္။
လီဗာပူးအသင္းမွာ ဂိုးသမားအျဖစ္ ေအဒရီယန္နဲ႔ ပြဲထြက္လာၿပီး ခ်ိန္ဘာလိန္၊ မာေနး၊ ဆာလက္၊ မီလ္နာ၊ ဟန္ဒါဆန္၊ ဖာဘင္ဟို၊ ေရာဘတ္ဆန္၊ မာတစ္၊ ဂိုမက္ဇ္၊ ဗန္ဒိုက္တို႔ကို အသုံးျပဳခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းကလည္း ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ မန္ယူကို ႐ႈံးနိမ့္ခဲ့တဲ့ လူစာရင္းကို နည္းနည္းေျပာင္းၿပီး တိုက္စစ္မႉး ဂ်႐ူး၊ ကန္ေတတို႔ကို ပြဲအစကတည္းက ထုတ္သုံးသြားပါတယ္။
ဒီပြဲမွာ ခ်ဲလ္ဆီးအသင္း ကစားပုံ ပိုေကာင္းၿပီး လီဗာပူးဘက္ကို ဖိအားေပးႏိုင္သလို ၃၆ မိနစ္မွာ တိုက္စစ္မႉး ဂ်႐ူးက ဦးေဆာင္ဂိုးသြင္းၿပီး ပြဲကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ လီဗာပူးအသင္းက တိုက္စစ္မႉး ဖာမီႏိုကို လူစားဝင္ကစားေစၿပီး ေခ်ပဂိုးရေရး တိုကစစ္ဆင္ကစားၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ မာေနးက ေခ်ပဂိုးသြင္းယူေပးခဲ့ပါတယ္။
ဒီ့ေနာက္ မိနစ္ကိုးဆယ္အထိ သေရက်လို႔ အခ်ိန္ပိုဆက္လက္ယွဥ္ၿပိဳင္ရာ ပြဲခ်ိန္ ၉၅ မိနစ္မွာ မာေနးကပဲ ဦးေဆာင္ဂိုးသြင္းၿပီး ႏွစ္ဂိုး တဂိုးနဲ႔ လီဗာပူး ဦးေဆာင္ႏိုင္ေပမယ့္ ၁၀၁ မိနစ္မွာ ပယ္နယ္တီကတဆင့္ ေဂ်ာ္ဂ်င္ဟိုက ခ်ဲလ္ဆီးအတြက္ ေခ်ပဂိုး သြင္းယူခဲ့ပါတယ္။
အခ်ိန္ပိုမွာလည္း သေရက်လို႔ ပယ္နယ္တီအဆုံးအျဖတ္ ကန္သြင္းရာမွာေတာ့ လီဗာပူးက ငါးဂိုးစလုံးဝင္ၿပီး ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟင္မ္ရဲ႕ ကန္သြင္းခ်က္ လီဗာပူးဂိုးသမား ေျခေထာက္နဲ႔ထိၿပီး ဂိုးမဝင္တဲ့အတြက္ လီဗာပူးအႏိုင္ရၿပီး ဥေရာပစူပါဖလား ဆြတ္ခူးသြားတာ ျဖစ္ပါတယ္။
2 years Ago