ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေကို ဦးကျော်ဇေယျ (ဥပဒေပညာရှင် ၊စာရေးဆရာ ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတဦးကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ်၊ ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစုံတယောက်ကို အခမဲ့ နေထိုင်ခွင့်ပြုထားတာ၊ ကာလရှည် ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူး ဆိုတဲ့ ဥပဒေရှိသလိုလို၊ စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ်။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ။
ဖြေ - ဒါက အရပ်ထဲမှာ ပြောနေကြတာ… အခုတလောပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့။ နှစ်ရှည် မငှားထားနဲ့၊ နှင်လို့ မရဘူး ဖြစ်သွားမယ်။ အိမ်ငှားလည်း ကြာကြာမငှားနဲ့၊ နှင်လို့ မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ်။ အိမ်ငှားက အိမ်ပိုင် ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့ သတိထားစရာ တခုတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ဘယ်နှနစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ခွင့်ပြုချက်နဲ့ ထားတာပဲ၊ သူက အိမ်ပိုင်သွားစရာ အကြောင်းမရှိဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှား ဆိုရင်လည်း သူ့ကို ငှားထားတယ်။ ဘယ်နှနှစ် ငှားငှား၊ ဆယ်နှစ်ငှားငှား၊ အနှစ် နှစ်ဆယ် ငှားငှား၊ အိမ်ငှားက အိမ်ပိုင် ဖြစ်မလာနိုင်ဘူး။
ဒါပေမဲ့ အမှားအယွင်းလေးတခု ဖြစ်သွားရင် စိုးရိမ်စရာလေးတခု ရှိတယ်။ အဲဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြပါစို့။ ခွင့်ပြုချက်နဲ့ ထားတယ်။ အဲဒီခွင့်ပြုချက်နဲ့ ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မ ဖယ်ပေးပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ်ထုတ်ရတာပေါ့။ နို့တစ်ထုတ်တယ် ဆိုတဲ့အခါကျတော့ ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူ သိအောင် ပြောရတာ၊ အဲဒီလို ခွင့်ပြုချက်နဲ့ ထားတာကို ခွင့်ပြုချက်နဲ့ ရုပ်သိမ်းပြီးပြီးဆိုမှ တရားက စွဲလို့ရတယ်။ ခွင့်ပြုချက်ကို မရုပ်သိမ်းဘဲနဲ့ တရားတဘောင် စွဲလို့မရဘူး။
အဲဒီတော့ တချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲမယ့်အချိန်ကျတော့မှ မစွဲဖြစ်ဘူး ဖြစ်သွားတယ်။ အဲဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင်။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေက လူတိုင်း သိသင့်တာ။ အမှန်က အဲဒါကို သတိမထားမိရင်တော့ သူက အမှားအယွင်း ဖြစ်တတ်တယ်။ ဆိုတော့ အဲဒီ ကာလစည်းကမ်းသတ် ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆ နှစ်အတွင်း စွဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နှစ်အတွင်း စွဲရမယ် ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ၊ ပထမဇယား၊ စာတိုင်မှာ ၁၂၀ မှာ ဒီလို ဆိုထားတာပေါ့။ ၆ နှစ် ကျော်သွားပြီးဆိုရင် ဘာဖြစ်လဲ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့ မရတော့ဘူး။ ဒါက သတိထားရမယ့် အချက်ပါ။
ဒီလိုပဲ အိမ်ရှင် အိမ်ငှား ဆိုတော့လည်း အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လည်း အိမ်ငှားပဲ ၊ အိမ်ပိုင် မဖြစ်လာနိုင်ဘူး။ သို့သော် အိမ်ငှားတယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ။ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့။ နို့တစ်စာပေးတယ် ဆိုတာကတော့ အိမ်ငှားအဖြစ် ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ်ဆိုတာ သူ သိအောင်လို့ ပြောရတာ။ ဘယ်နေ့၊ ဘယ်ရက်မှာတော့ ဆင်းပေးတော့ ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ်။ ဘယ်နေ့မှာ ငှားရမ်းခ ကုန်ဆုံးတယ်။ အဲဒီနေ့ ည ၁၂ နာရီကျော်လို့ရှိရင် ဒီဥစ္စာ လက်ရောက်ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။
အဲဒီလို ထုတ်ပြီးပြီ၊ ငှားရမ်းခ ဖြတ်တောက်ပြီးပြီဆိုရင် တရားစွဲရမယ်လေ။ အဲဒီလို တရားမစွဲဘဲသွားရင် ကာလစည်းကမ်းသတ်ဥပဒေမှာ ပါတာပေါ့၊ စောစောက ပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာ ပါတယ်။ အိမ်ငှားတယောက်ကို ငှားရမ်းမှု ဖြတ်တောက်ပြီး ၁၂ နှစ်အတွင်း သူက စွဲရတာ။ ၁၂ နှစ်အတွင်းမှ မစွဲရင် အဲဒီအိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီ။ ဒါက သတိပြုရမှာပေါ့။ အဲဒီမှာ သတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတယ်တော့ကွယ်။ နို့တစ်ထုတ်လိုက်တယ်၊ မစွဲဖြစ်ဘူးဆိုရင် အဲဒီထုတ်ထားတဲ့ နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ ရတယ်။ တရားဝင် ပြန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလ စည်းကမ်းသတ်နဲ့ အကျုံးမဝင်တော့ဘူး။ သို့သော် အဲဒီလို ရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံးဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆ နှစ်အတွင်းစွဲ၊ မစွဲရင် နောက်ထပ်စွဲလို့ မရတော့ဘူး။ နှင်လို့ မရတော့ဘူး။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီဆိုရင် ၁၂ နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ်တောက်ပြီးပြီ ဆိုရင်စွဲတော့။ မစွဲဖြစ်ရင်လည်း ပြန်ရုပ်သိမ်းလိုက်။ ဒီနို့တစ်စာကို အဲဒီလို မရုပ်သိမ်းဘဲ ထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲ နှင်လို့မရတဲ့အတွက် အဲဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲ ဖြေကြားချင်ပါတယ်။
မေး - ကျွန်တော်တို့ မိသားစုသည် ၁၉၆၅ ခုနှစ်ကတည်းက မြေပိုင်ထံက မြေငှားပြီး အိမ်ဆောက် နေထိုင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ မြေရှင်က မြေနေရာမှ ဖယ်ရှားပေးစေလိုမှုနဲ့ တရားစွဲခဲ့ပြီးနောက် ၁၉၈၄ မှာ တိုင်းတရားရုံးက အိမ်ရှင်ကို လက်ရှိ မြေနေရာမှ ဖယ်ရှားပေးဖို့ မလိုကြောင်း အနိုင်ဒီကရီ ချပေးခဲ့ပါတယ်။ အနိုင်ဒီကရီရပြီးနောက် ၁၄ နှစ်ဆက်တိုက် မြေလခ ပေးခဲ့ပေမယ့် မြေလခ မယူတာ နှစ်ပေါင်း ၂၀ ကျော်ရှိခဲ့ပြီ။ လတ်တလောမှာ မြေရှင်က ဒီမြေမှာ ကန်ထရိုက်တိုက်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် တိုက်ဆောက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လို အကျိုးခံစားခွင့် ရနိုင်မလဲ ဆိုတာကို သိပါရစေ။
ဖြေ - သူက မြေငှားကွဲ့။ မြေငှားပြီးတော့ သူ့က သူ့အိမ်ကို သူဆောက်နေတာ ဆောက်နေတာ ဆိုတော့ ဟိုက နှင်တာပေါ့။ နှင်တဲ့အခါကျတော့ ဒါက အိမ်ရှင် ရှုံးသွားတာပေါ့။ မြေရှင် ရှုံးသွားတယ်။ ၁၄ နှစ် သူက အိမ်လခပေးတယ်။ နှစ် ၂၀ အိမ်လခမပေးခဲ့ဘူး။ အခု မြေရှင်က တိုက်သစ် ဆောက်မယ်။ သူ ဘာအကျိုးခံစားခွင့်ရှိမလဲ သူ သိချင်လို့ မေးတယ်။
ဆိုတော့ ဒီနေရာမှာ သတိပြုရမယ့်အချက်က မြေငှားတဲ့သူက အနှစ် ၂၀ လုံးလုံး မြေငှားခ မပေးဘူးဆိုတာ မြေငှားဘက်က ပျက်ကွက်တဲ့ ပျက်ကွက်မှုတခုပေါ့။ ဘာပဲဖြစ်ဖြစ် သူ ငှားရမ်းခပေးရမှာ သူ့ရဲ့ တာဝန်ပဲလေ။ မပေးဘူး။ ယူတာ မယူဘူး။ ပေးတာကို မယူဘူးဆိုရင် သက်ဆိုင်ရာ ငှားရမ်းခ ကြီးကြပ်မှုရုံးမှာ သွားပြီးတော့ ဆယ့်ခြောက်တစ်အရ ဒါကို သွားပြီးတော့ ပေးနေမယ်ဆိုရင် သူရဲ့ ပျက်ကွက်မှု မရှိနိုင်ဘူး။ အဲဒီတော့ ပျက်ကွက်မှု မရှိဘူးဆိုရင် မြေရှင်က တရားစွဲလို့ မရဘူး။ ပျက်ကွက်လို့ရှိရင် မြေရှင်က ဒါကို ထောက်ပြီးတော့ အရေးဆိုနိုင်တယ်။ နှင်လိုမှုလည်း သူ စွဲချင်ရင်စွဲမှာပေါ့။ ဒါနဲ့ပတ်သက်ပြီး ဒီဥစ္စာမြေရှင်ကတော့ ဘာမှ တရားစွဲတာ မရှိဘူး။ ဒါပေမဲ့ တိုက်သစ်ဆောက်တော့မယ်။ သူ ဘာခံစားရမလဲ သူ သိချင်တာ။
များသောအားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ တိုက်က မြေရှင် ပိုင်တယ်၊ မြေကြီးကလည်း မြေရှင် ပိုင်တယ်။ အခန်းမှာ ငှားနေကြတယ်၊ အပျောက်စနစ်နဲ့ ဝယ်တာတွေရှိတယ်။ ဒီဘီကျပြီး ဒီဥစ္စာအန္တရာယ်ရှိ အဆောက်အဦ ပြန်ပြင်ရမယ်ဆိုလို့ရှိရင် များသောအားဖြင့် ပြန်ရတာက တိုက်ခန်းကို အပျောက်စနစ်နဲ့ ဝယ်ယူထားတဲ့ ပုဂ္ဂိုလ်များကျတော့ အခန်း ပြန်အစားပေးတယ်။ သာမန် နှစ်ချုပ်တို့ ၊ လချုပ်တို့နဲ့ စပေါ်တို့နဲ့ ငှားတဲ့ အိမ်ငှားကတော့ ပြန်ရလေ့မရှိဘူး။
ဒါပေမဲ့ ဒီသဘာဝ မတူဘူး။ သူက မြေငှားပြီး တိုက်ဆောက်ထားတာ ဆိုတော့ သူ့မှာတော့ အခွင့်အရေးရှိတာပေါ့။ သူရဲ့အခွင့်အရေးက ဘာလဲ။ သူက လက်ရှိ ဖြစ်နေတာလေ။ အမှုလည်း သူက အရင်တုန်းက နိုင်ထားတယ်။ ဆိုတော့ ဒါက ဘယ်အပေါ်သွားပြီးတော့ မူတည်လဲဆိုလို့ရှိရင် တကယ်လို့ မြေရှင်ကနေ တိုက်သစ် ဆောက်မယ်ဆိုရင် သူနဲ့ အပေးအယူလုပ်ရတော့မှာ။ အဲဒီ အပေးအယူ လုပ်တဲ့အခါမှာ သူ တောင်းဆိုပေါ့။ သူ ရထိုက်တဲ့ဟာကို သင့်တင့်လျောက်ပတ်တဲ့ အချက်ကို သူ တောင်းနိုင်မယ်ဆိုရင် အခွင့်အရေးရပါတယ်။ လက်လွတ်စပယ်ကြီးတော့ ဖယ်ရှားရမယ့် အခြေအနေမျိုး မရှိဘူးလို့ ဖြေကြားချင်ပါတယ်။
မေး - ကျွန်တော့်ဦးလေးဟာ သူ့ဇနီးသည်နှင့် အိမ်ထောင်ကွဲနေတာ နှစ်ပေါင်း ၄၀ နီးပါး ရှိနေပါပြီ။ သူ နေထိုင်တဲ့အိမ်ကို မကြာခင်က တူတော်သူတဦးကို အရပ်ကတိစာချုပ်ဖြင့် ရောင်းချခဲ့ပါတယ်။ ဒီလို ရောင်းချတာ တရားဝင်မှု ရှိ၊ မရှိနဲ့ ဦးလေး ကွယ်လွန်သွားရင် ဇနီးဖြစ်သူက တရားစွဲလို့ ရ၊ မရ ဆိုတာကို သိလိုပါတယ်။
ဖြေ - ဒီနေရာမှာ မေးခွန်းလေးက နည်းနည်းလေး အိမ်ထောင်ကွဲနေတယ် ဆိုတဲ့ အချက်လေးက မရှင်းဘူးပေါ့ကွယ်။ ကွဲနေတယ် ဆိုတာက တရားဝင် ကွာရှင်းတာကို ပြောတာလား။ ဒါမှမဟုတ် ခွဲခွာပြီး နေကြတာကို ဆိုလိုတာလား။ ဒါလေးကတော့ တိတိကျကျ သိရင် အဖြေက တိကျနိုင်တယ်။ အခုဟာက အိမ်ထောင်ကွဲနေကြတယ် ဆိုတော့ တရားဝင် ကွဲသွားတာလား။ တရားဝင် ကွဲသွားတယ် ဆိုရင်တော့ ဒီဥစ္စာက အဲဒီတုန်းထဲက ပစ္စည်းခန်းက ခွဲပြီးပြီ။ နှစ် ၄၀ လည်း ကြာလာပြီ ဆိုလို့ရှိရင်တော့ ဒီပစ္စည်းဟာ ဇနီးနဲ့ မဆိုင်တော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် အမွေက ခွဲပြီးသွားပြီး လင်မယားလည်း ပြတ်စဲပြီးပြီ၊ ပစ္စည်းခန်း သူနဲ့ ဘာနဲ့ ကိုယ်နဲ့ မဆိုင်တော့ဘူး။ ဒါ တပိုင်းပေါ့။
ဒီလိုမှ မဟုတ်ဘဲနဲ့ စိတ်ကောက်ကြပြီး မတည့်လို့ ခွဲနေလိုက်ကြပြီး living spared တရားဝင် မကွာသေးဘူး။ တရားဝင် မကွာသေးဘူးဆိုရင် နှစ်ဘယ်လောက်ကြာကြာ တရားဝင် မကွာသေးရင် တည်မြဲခိုင်မာတဲ့ အိမ်ထောင်ရေးက ဖြစ်နေတုန်းပဲ။ ဒီလိုဆိုရင် လင်ယောက်ျား သေလို့ရှိရင် ပစ္စည်းက မယားက ရတာပဲ။ ဒါက ထုံးစံပေါ့၊ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ပြောတာပေါ့ကွယ်။ အဲဒီတော့ ဒီအမျိုးသားကနေပြီးတော့ အဲဒီကြားထဲမှာ တူဖြစ်သူကို သူက ဒီမရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အရပ်စာချုပ်နဲ့ ရောင်းတယ် ဆိုတာကတော့ ဥပဒေနဲ့မညီဘူး။ စာချုပ်စာတမ်း ဥပဒေပုဒ်မ ၁၆(က) အရနော်၊ ဒီဘက်က (ခ) အရ ဆိုတာက တန်ဖိုး တသိန်းနဲ့အထက် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း လွှဲပြောင်းမယ်ဆိုရင် မှတ်ပုံတင်ရမယ် ပြောထားတယ်။ မှတ်ပုံမတင်ရင် ဒီဥစ္စာက ပျက်ပြယ်တာပေါ့ကွယ်။ ဥပဒေနဲ့မညီဘူး။ ဒါကြောင့်မို့လို့ ဒီပစ္စည်းက စောစောက ပြောသလို တရားဝင် ကွာထားတာ မဟုတ်ဘူး။ ကွဲနေတာဆိုလို့ရှိရင်တော့ ဇနီးတယောက်အနေနဲ့ ဒီပစ္စည်းအပေါ်မှာ အကျိုးခံစားခွင့်ရှိတယ်လို့ပဲ ဖြေချင်ပါတယ်။
မေး - ဆရာခင်ဗျား။ ကျွန်တော့်ရဲ့ အဒေါ်ဖြစ်သူဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတာ ဖြစ်ပါတယ်။ သားသမီးလည်း ထွန်းကားခြင်း မရှိပါဘူး။ အဒေါ်ကလည်း ကျန်းမာရေး သိပ်မကောင်းပါ။ အကယ်၍များ အဒေါ် ကွယ်လွန်သွားရင် နိုင်ငံခြားသားဖြစ်သူ လင်ယောက်ျားအနေနဲ့ အမွေဆက်ခံခွင့် ရှိပါသလား။ ကျန်တဲ့ညီအကို မောင်နှမအနေနဲ့ အမွေဆက်ခံနိုင်ပါသလား ဆိုတာကို သိပါရစေ ။
ဖြေ - ဒီနေရာမှာ နိုင်ငံခြားသား ဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ လိုတယ်။ နိုင်ငံခြားသားဆိုတာ ဥပမာ ကိုယ့်နိုင်ငံသား၊ ဒီနိုင်ငံသား ဒီမှာပဲ မွေးတယ်။ ပြီးတော့မှ ပြည်ပထွက်ပြီး နိုင်ငံခြားသားအဖြစ် ခံယူလိုက်တဲ့ နိုင်ငံခြားသားလည်း ရှိတယ်။ ဒါက တမျိုး။ မူလကတည်းကိုက နိုင်ငံခြားသားကြီး အခြားပြည်က လာတဲ့ နိုင်ငံခြားသား။ အဲဒီလူက တမျိုးပေါ့။ ဥပမာ ဒီနိုင်ငံကနေပြီးတော့ ဒီနိုင်ငံသားမိဘက မွေးဖွားတယ်။ ဒီနိုင်ငံသားဖြစ်ပြီးတော့မှ နိုင်ငံခြားသားအဖြစ် ခံယူလိုက်တဲ့ ပုဂ္ဂိုလ်နဲ့ စုလျားရစ်ပတ် လက်ထပ်ကြမယ်ဆိုရင် ဇနီးမယား ဆုံးပါးသွားမယ်ဆိုရင် ဒီပစ္စည်းက လင်၊ နိုင်ငံခြားသား ဖြစ်ပေမယ့် သူ့မှာ ခံစားခွင့်ရှိတယ်။ ဒါက သဘာဝတမျိုး။ ဘာဖြစ်လို့လဲ သူက မွေးရာပါ အခွင့်အရေး ခေါ်တာပေါ့။ အင်ဗက် အင်ဒရက် ခေါ်တယ်။ မွေးရာပါ အခွင့်အရေးအရ သူ အမွေဆက်ခံခွင့် ရှိတယ်။ ဒါနဲ့ပတ်သက်လို့က ဦးအန်ကူး(ခေါ်) ဦးအောင်တဲ့။ ဒါ နာမည်ကြီး စီရင်ထုံးပေါ့။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၂၂၄ မှာလည်း ဒီလိုပဲ ထုံးဖွဲ့ထားတာပေါ့။ ဒါက တမျိုး။
နောက်နိုင်ငံခြားသား ဆိုတာက မူလကတည်းကိုက ပြည်ပနိုင်ငံက လာတဲ့ နိုင်ငံခြားသားကြီး။ အဲဒီက ဆင်းသက်လာတဲ့ နိုင်ငံခြားသားပေါ့။ အဲဒီနိုင်ငံခြားသားနဲ့ ဒီအဒေါ်ဖြစ်သူနဲ့ ဥပမာ လက်ထပ်ကြမယ်ဆိုလို့ရှိရင် ဒီအဒေါ်ဖြစ်တဲ့သူ ဆုံးပါးသွားလို့ရှိရင် အဒေါ်ဖြစ်သူရဲ့ ပစ္စည်းကို အဲဒီနိုင်ငံခြားသားက ဆက်ခံပိုင်ခွင့် မရှိပါဘူးကွယ်။ ဒါနဲ့ပတ်သက်လို့ကတော့ (ခွန်ဆူးပေါက်ဖန်နှင့် ဒေါ်ဟန် ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁၆ မှာ ဒီလို ဆိုထားတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားသား ဆိုတာ ဘယ်လို နိုင်ငံခြားသားမျိုးကို ဆိုလိုတာလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ အဲဒီလို သိရှိနားလည်ဖို့ကိုပဲ ဖြေကြားချင်ပါတယ်။
မေး - အသက် ၉၀ ကျော် အဘိုး အဘွားမှာ သားသမီး ၄ ယောက် ရှိပါတယ်။ အပျိုကြီးတယောက်က အဘိုး အဘွားနဲ့အတူ နေပြီး စက်ချုပ်ကျွေးနေသူပါ။ သားတဦးကတော့ ဒီအိမ်ဝိုင်းထဲမှာပဲ သီးခြားအိမ်လေး ဆောက်ပြီး နေထိုင်ပါတယ်။ ကျန်တဲ့ သမီးနှစ်ယောက်ကတော့ ရပ်ဝေးမှာပါ။ လွန်ခဲ့တဲ့ ဧပြီလအတွင်းမှာ ရပ်ဝေးမှာ နေတဲ့ သမီး နှစ်ယောက်နဲ့ သမက်က မပြန်တော့ဘဲ ဒီအိမ်မှာပဲ နေထိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့က ဒီအိမ်နဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေကို သူတို့အမည်နဲ့ ပေါက်အောင် လုပ်ထားပါတယ်။ ဒီကိစ္စကို ကျန်တဲ့သားသမီးတွေက အမှုဖွင့်ထားပါတယ်။ အမှုက ဥပဒေအကြံပေးဆီမှာ ရှိနေပါသေးတယ်။ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၉ နဲ့ တရားစွဲနိုင်ပါသလား။ စွဲမယ်ဆိုရင် ဘာတွေ လိုအပ်မလဲ ဆိုတာကို သိရပါရစေ ။
ဖြေ -အဘိုး အဘွား ဆိုတော့ အဖေ၊ အမေ နာမည်ပေါက်တာပေါ့ကွယ်။ အဘွားဆိုတော့ အမေပေါ့နော်။ အမေနဲ့ တယောက် နေတယ်။ ကျန်တဲ့တစ်ယောက်က အိမ်မှာ နေတယ်။ နှစ်ယောက် အပြင်မှာ နေတာကနေ ဒီမှာ လာနေတယ်။ ဒီမှာ လာနေပြီးတော့မှ သူတို့ အမည်ပေါက်အောင်လို့ ဆောင်ရွက်တာကို တရားစွဲထားတယ်။ အဲဒီအပိုင်းတော့ မပြောတော့ဘူး။ တရားစွဲထားတယ် ဆိုတော့ တရားရုံးက ဆက်ဆုံးဖြတ်မှာပေါ့။ သူ မေးထားတာက သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၉နဲ့ တရားစွဲလို့ရသလား ဆိုတာလေးပေါ့။
သီးခြားသက်သာခွင့် ၉ ဆိုတာကတော့ သူကတော့ လက်ရှိပေါ့။ လက်ရှိ ရှိနေတဲ့ နေရာမှာ ဝင်ရောက်ပြီးတော့ သူက ကျူးကျော်တာကို ပြောတာ။ ကျူးတယ်ဆိုတော့ လက်ရှိက ပိုင်ရှင် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့ နေရာမှာ တခြားလူကနေ ဝင်ရောက်ပြီးတော့ ကျူးကျော်နေတယ်ဆိုလို့ရှိရင် သီးခြားသက်သာခွင့် ၉ နဲ့ စွဲတာပေါ့။ ၈ နဲ့ စွဲတယ် ဆိုတာကတော့ ပိုင်ဆိုင်မှုရှိတဲ့သူကိုက စွဲတာပေါ့။ ၈ ရဲ့သဘောကတော့ မြေကွက်တကွက် ရှိမယ်။ အဲဒီမှာ ဒီဥပစာကို ပိုင်ရှင်ရှိတယ်။ ပိုင်ရှင်ရှိရဲ့သားနဲ့ အခြားလူက ဝင်ပြီးတော့ ဝင်ရောက်နေထိုင်တယ် ဆိုရင် ဒါ ပိုင်ရှင်ကိုယ်တိုင် စွဲရင် သီးခြားသက်သာခွင့် ၈ နဲ့ စွဲရတာပေါ့။ ၉ ဆိုတာကတော့ ပိုင်ဆိုင်ခွင့်နဲ့မဆိုင်ဘူး။ လက်ရှိ ရှိနေတဲ့သူက စွဲရမှာ။ လက်ရှိ ရှိနေတဲ့သူက စွဲရင်တော့ ဘယ်လောက်အတွင်း စွဲရမလဲ ဆိုလို့ရှိရင်တော့ သီးခြားသက်သာခွင့်ဥပဒေအရ ဆိုရင်တော့ ၆ လအတွင်း စွဲရမယ်။ လာပြီး ကျူးကျော်တဲ့နေ့က စပြီး ၆ လအတွင်း စွဲရမယ်။
ဒီကိစ္စမှာ ပြန်စဉ်းစားတဲ့အခါကျတော့ သူကတော့ ၆ လ မကတော့ဘူး နေနေတာ။ အဲဒီလိုဆိုတော့ သူ့တို့ ဒီမှာ လာနေတယ်။ သူတို့ အမည်ပေါက်အောင် လုပ်ဆောင်နေတယ်။ ၆ လ ကျော်ရင် စွဲလို့မရဘူး။ နောက်တခုက ၆ လမကျော်သည့်တိုင်အောင်လည်း သီးခြား ၉ နဲ့ အကျုံးမဝင်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျူးကျော်လာတာ မဟုတ်ဘူး။ လာနေတာ ခွင့်ပြုထားတာ။ ခွင့်ပြုထားတာကနေ မပြန်တော့တာပေါ့။ သီးခြားနဲ့ မဆိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သီးခြားဆိုတာက ကျူးကျော်ပြီး လာမှ သဘောမတူဘဲနဲ့ လက်ရှိ ရှိနေတဲ့ သူ သဘောမတူဘဲ ဝင်ရောက်လာပြီး နေမှ သူက ကျူးကျော်ဖြစ်တာ။ သူတို့က လက်ခံထားပြီးသား။ လက်ခံထားပြီးသားမှ သူကနေ မပြန်တော့လို့ တရားစွဲမယ်ဆိုရင် သီးခြားသက်သာခွင့် ၉ နဲ့ အကျုံးမဝင်ပါဘူး။ အကျုံးဝင်ရင်လည်း ၆ လအတွင်း စွဲရပါမယ်။ ၆ လကျော်ရင် စွဲခွင့်မရှိပါဘူးလို့ပဲ ဖြေချင်တယ်။
Zawgyi Version
ပစၥည္းလႊဲေျပာင္းျခင္း (ဥပေဒေရးရာအေမးအေျဖ)
ပစၥည္းလႊဲေျပာင္းျခင္းဆိုင္ရာ ဥပေဒနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚက ေမးျမန္းလာတာေတြကို ဦးေက်ာ္ေဇယ် (ဥပေဒပညာရွင္ ၊စာေရးဆရာ ) အား ဒီဗြီဘီက ေတြ႕ဆုံေမးျမန္းထားပါတယ္။
(၁) ကြၽန္ေတာ့္ ကိုယ္ပိုင္ၿခံထဲမွာ မေနႏိုင္လို႔ အျခား လူတဦးကို အခမဲ့ ေနထိုင္ခြင့္ျပဳထားတာ ၁၅ ႏွစ္ရွိပါၿပီ။ တခ်ိဳ႕သူေတြက ပိုင္ရွင္ျဖစ္သူဟာ သူ႔အိမ္၊ ဒါမွမဟုတ္ သူ႔ေျမကြက္ထဲမွာ တစုံတေယာက္ကို အခမဲ့ ေနထိုင္ခြင့္ျပဳထားတာ၊ ကာလရွည္ ငွားရမ္းထားတာ ၁၂ ႏွစ္ေက်ာ္ရင္ ဖယ္ရွားလို႔ မရေတာ့ဘူး ဆိုတဲ့ ဥပေဒရွိသလိုလို၊ စီရင္ထုံး ရွိသလိုလို ေျပာဆိုေနၾကတာေတြ ရွိပါတယ္။ ဥပေဒေၾကာင္းအရ ရွင္းရွင္းလင္းလင္း သိပါရေစ။
ဒါက အရပ္ထဲမွာ ေျပာေနၾကတာ… အခုတေလာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တျခားလူကို သြားၿပီးေတာ့ ကိုယ့္အိမ္မွာေပါ့။ ႏွစ္ရွည္ မငွားထားနဲ႔၊ ႏွင္လို႔ မရဘူး ျဖစ္သြားမယ္။ အိမ္ငွားလည္း ၾကာၾကာမငွားနဲ႔၊ ႏွင္လို႔ မရဘူး ျဖစ္သြားမွာ စိုးရိမ္တယ္။ တခ်ိဳ႕ကလည္း ႏွစ္ၾကာသြားရင္ ပိုင္သြားတယ္။ အိမ္ငွားက အိမ္ပိုင္ ျဖစ္သြားတယ္လို႔ ဒီလိုလည္း ေျပာၾကတယ္။ ဒါနဲ႔ပတ္သက္လို႔ သတိထားစရာ တခုေတာ့ ရွိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ခြင့္ျပဳခ်က္နဲ႔ ထားတဲ့သူက ဘယ္ႏွနစ္ပဲၾကာၾကာ ခြင့္ျပဳခ်က္နဲ႔ ထားတဲ့သူက ခြင့္ျပဳခ်က္နဲ႔ ထားတာပဲ၊ သူက အိမ္ပိုင္သြားစရာ အေၾကာင္းမရွိဘူး။ ငွားထားတဲ့သူလည္း ဒီလိုပဲ အိမ္ငွား ဆိုရင္လည္း သူ႔ကို ငွားထားတယ္။ ဘယ္ႏွႏွစ္ ငွားငွား၊ ဆယ္ႏွစ္ငွားငွား၊ အႏွစ္ ႏွစ္ဆယ္ ငွားငွား၊ အိမ္ငွားက အိမ္ပိုင္ ျဖစ္မလာႏိုင္ဘူး။
ဒါေပမဲ့ အမွားအယြင္းေလးတခု ျဖစ္သြားရင္ စိုးရိမ္စရာေလးတခု ရွိတယ္။ အဲဒါ ဘာလဲဆိုရင္ ဥပမာ ဆိုၾကပါစို႔။ ခြင့္ျပဳခ်က္နဲ႔ ထားတယ္။ အဲဒီခြင့္ျပဳခ်က္နဲ႔ ထားတဲ့သူကို ကိုယ့္က ဖယ္ခ်င္ၿပီဆိုရင္ အစ္မ ဖယ္ေပးပါလို႔ ေျပာလိုက္လို႔ရွိရင္ ျပႆနာမရွိဘူး။ မဖယ္ေပးဘူးဆိုရင္ သူက ဘာလုပ္ရသလဲ၊ ႏို႔တစ္ထုတ္ရတာေပါ့။ ႏို႔တစ္ထုတ္တယ္ ဆိုတဲ့အခါက်ေတာ့ ခြင့္ျပဳခ်က္ထားတဲ့ဟာကို ျပန္႐ုပ္သိမ္းလိုက္ပါၿပီ ဆိုတာကို သူ သိေအာင္ ေျပာရတာ၊ အဲဒီလို ခြင့္ျပဳခ်က္နဲ႔ ထားတာကို ခြင့္ျပဳခ်က္နဲ႔ ႐ုပ္သိမ္းၿပီးၿပီးဆိုမွ တရားက စြဲလို႔ရတယ္။ ခြင့္ျပဳခ်က္ကို မ႐ုပ္သိမ္းဘဲနဲ႔ တရားတေဘာင္ စြဲလို႔မရဘူး။
အဲဒီေတာ့ တခ်ိဳ႕က ခြင့္ျပဳခ်က္ကို ႐ုပ္သိမ္းလိုက္တယ္ေပါ့။ ႐ုပ္သိမ္းလိုက္ၿပီးတဲ့အခါက်ေတာ့ အမႈစြဲမယ့္အခ်ိန္က်ေတာ့မွ မစြဲျဖစ္ဘူး ျဖစ္သြားတယ္။ အဲဒီလို မစြဲျဖစ္ဘူး ျဖစ္သြားရင္။ သူက ကာလစည္းကမ္းသတ္ ဥပေဒ ဆိုတာက ရွိေသးတယ္။ ဘယ္အခ်ိန္မွာ အမႈက စြဲရမယ္။ မစြဲလို႔ရွိရင္ အခြင့္အေရးက ဆုံးရႈံးတယ္ စသျဖင့္ ကာလစည္းကမ္းသတ္ဥပေဒက လူတိုင္း သိသင့္တာ။ အမွန္က အဲဒါကို သတိမထားမိရင္ေတာ့ သူက အမွားအယြင္း ျဖစ္တတ္တယ္။ ဆိုေတာ့ အဲဒီ ကာလစည္းကမ္းသတ္ ဥပေဒက ဆိုလို႔ရွိရင္ ခြင့္ျပဳခ်က္နဲ႔ထားတာကို ျပန္႐ုပ္သိမ္းၿပီး ဆိုရင္တဲ့ ၆ ႏွစ္အတြင္း စြဲပါ။ ဒီလိုဆိုထားပါတယ္။ ၆ ႏွစ္အတြင္း စြဲရမယ္ ဆိုတာကေတာ့ ကာလ စည္းကမ္းသတ္ဥပေဒ၊ ပထမဇယား၊ စာတိုင္မွာ ၁၂၀ မွာ ဒီလို ဆိုထားတာေပါ့။ ၆ ႏွစ္ ေက်ာ္သြားၿပီးဆိုရင္ ဘာျဖစ္လဲ။ ခြင့္ျပဳခ်က္နဲ႔ ထားတဲ့သူကို ႏွင္လို႔ မရေတာ့ဘူး။ တရားစြဲလို႔ မရေတာ့ဘူး။ ဒါက သတိထားရမယ့္ အခ်က္ပါ။
ဒီလိုပဲ အိမ္ရွင္ အိမ္ငွား ဆိုေတာ့လည္း အိမ္ငွားထားတယ္။ သူ႔ဘာသာသူ ဆယ္ႏွစ္လည္း အိမ္ငွားပဲ ၊ အိမ္ပိုင္ မျဖစ္လာႏိုင္ဘူး။ သို႔ေသာ္ အိမ္ငွားတေယာက္ကို ႏွင္ေတာ့မယ္ဆိုလို႔ရွိရင္ သူက ပထမဆုံး ဘာလုပ္ရလဲ။ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ ပုဒ္မ ၁၀၆ နဲ႔အညီ ႏို႔တစ္စာ ေပးရတာေပါ့။ ႏို႔တစ္စာေပးတယ္ ဆိုတာကေတာ့ အိမ္ငွားအျဖစ္ ျဖတ္ေတာက္လိုက္ၿပီး ဒီတာမနိတ္ လုပ္လိုက္တယ္ဆိုတာ သူ သိေအာင္လို႔ ေျပာရတာ။ ဘယ္ေန႔၊ ဘယ္ရက္မွာေတာ့ ဆင္းေပးေတာ့ ဆိုတာ ဒီႏို႔တစ္စာမွာ ပါရတယ္။ ဘယ္ေန႔မွာ ငွားရမ္းခ ကုန္ဆုံးတယ္။ အဲဒီေန႔ ည ၁၂ နာရီေက်ာ္လို႔ရွိရင္ ဒီဥစၥာ လက္ေရာက္ေပးအပ္ပါေတာ့.. ဒါမ်ိဳးက ႏို႔တစ္စာ ထုတ္ေလ့ရွိတယ္။
အဲဒီလို ထုတ္ၿပီးၿပီ၊ ငွားရမ္းခ ျဖတ္ေတာက္ၿပီးၿပီဆိုရင္ တရားစြဲရမယ္ေလ။ အဲဒီလို တရားမစြဲဘဲသြားရင္ ကာလစည္းကမ္းသတ္ဥပေဒမွာ ပါတာေပါ့၊ ေစာေစာက ေျပာတာ ၁၁၀ အခုဟာက စာတိုင္ ၁၃၉ မွာ ပါတယ္။ အိမ္ငွားတေယာက္ကို ငွားရမ္းမႈ ျဖတ္ေတာက္ၿပီး ၁၂ ႏွစ္အတြင္း သူက စြဲရတာ။ ၁၂ ႏွစ္အတြင္းမွ မစြဲရင္ အဲဒီအိမ္ငွားကို ေနာက္တရားစြဲၿပီး ႏွင္ထုတ္ဖို႔ ခက္ခဲသြားၿပီ။ ဒါက သတိျပဳရမွာေပါ့။ အဲဒီမွာ သတိျပဳဖို႔ကေတာ့ ဥပမာ မစြဲျဖစ္ဘူး ဆိုပါတယ္ေတာ့ကြယ္။ ႏို႔တစ္ထုတ္လိုက္တယ္၊ မစြဲျဖစ္ဘူးဆိုရင္ အဲဒီထုတ္ထားတဲ့ ႏို႔တစ္ကို ျပန္႐ုပ္သိမ္းလိုက္လို႔ ရတယ္။ တရားဝင္ ျပန္႐ုပ္သိမ္းထားလိုက္ေနာ္။ ဒါဆိုရင္ ကာလ စည္းကမ္းသတ္နဲ႔ အက်ဳံးမဝင္ေတာ့ဘူး။ သို႔ေသာ္ အဲဒီလို ႐ုပ္သိမ္းရာမွာ ပ်က္ကြက္သြားရင္ေတာ့ ဒီကာလစည္းကမ္းဥပေဒနဲ႔ အက်ဳံးဝင္သြားလို႔ ဟိုခြင့္ျပဳခ်က္နဲ႔ ထားတဲ့သူဆိုရင္ ၆ ႏွစ္အတြင္းစြဲ၊ မစြဲရင္ ေနာက္ထပ္စြဲလို႔ မရေတာ့ဘူး။ ႏွင္လို႔ မရေတာ့ဘူး။ အိမ္ငွားဆိုလည္း ဒီလိုပဲ ႏို႔တစ္စာ ေပးၿပီးၿပီဆိုရင္ ၁၂ ႏွစ္အတြင္း စြဲရင္ စြဲ ႏို႔တစ္ေပးၿပီး ျဖတ္ေတာက္ၿပီးၿပီ ဆိုရင္စြဲေတာ့။ မစြဲျဖစ္ရင္လည္း ျပန္႐ုပ္သိမ္းလိုက္။ ဒီႏို႔တစ္စာကို အဲဒီလို မ႐ုပ္သိမ္းဘဲ ထားရင္ေတာ့ ၁၂ ႏွစ္ ေက်ာ္ရင္ တရားစြဲ ႏွင္လို႔မရတဲ့အတြက္ အဲဒီအခ်က္ကေတာ့ အထူးသတိျပဳရမယ္လို႔ပဲ ေျဖၾကားခ်င္ပါတယ္။
(၂) ကြၽန္ေတာ္တို႔ မိသားစုသည္ ၁၉၆၅ ခုႏွစ္ကတည္းက ေျမပိုင္ထံက ေျမငွားၿပီး အိမ္ေဆာက္ ေနထိုင္ခဲ့ပါတယ္။ ၁၉၇၉ ခုႏွစ္မွာ ေျမရွင္က ေျမေနရာမွ ဖယ္ရွားေပးေစလိုမႈနဲ႔ တရားစြဲခဲ့ၿပီးေနာက္ ၁၉၈၄ မွာ တိုင္းတရား႐ုံးက အိမ္ရွင္ကို လက္ရွိ ေျမေနရာမွ ဖယ္ရွားေပးဖို႔ မလိုေၾကာင္း အႏိုင္ဒီကရီ ခ်ေပးခဲ့ပါတယ္။ အႏိုင္ဒီကရီရၿပီးေနာက္ ၁၄ ႏွစ္ဆက္တိုက္ ေျမလခ ေပးခဲ့ေပမယ့္ ေျမလခ မယူတာ ႏွစ္ေပါင္း ၂၀ ေက်ာ္ရွိခဲ့ၿပီ။ လတ္တေလာမွာ ေျမရွင္က ဒီေျမမွာ ကန္ထ႐ိုက္တိုက္ေဆာက္ဖို႔ ႀကိဳးပမ္းေနတဲ့အတြက္ တိုက္ေဆာက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ ဘယ္လို အက်ိဳးခံစားခြင့္ ရႏိုင္မလဲ ဆိုတာကို သိပါရေစ။
သူက ေျမငွားကြဲ႕။ ေျမငွားၿပီးေတာ့ သူ႔က သူ႔အိမ္ကို သူေဆာက္ေနတာ ေဆာက္ေနတာ ဆိုေတာ့ ဟိုက ႏွင္တာေပါ့။ ႏွင္တဲ့အခါက်ေတာ့ ဒါက အိမ္ရွင္ ရႈံးသြားတာေပါ့။ ေျမရွင္ ရႈံးသြားတယ္။ ၁၄ ႏွစ္ သူက အိမ္လခေပးတယ္။ ႏွစ္ ၂၀ အိမ္လခမေပးခဲ့ဘူး။ အခု ေျမရွင္က တိုက္သစ္ ေဆာက္မယ္။ သူ ဘာအက်ိဳးခံစားခြင့္ရွိမလဲ သူ သိခ်င္လို႔ ေမးတယ္။
ဆိုေတာ့ ဒီေနရာမွာ သတိျပဳရမယ့္အခ်က္က ေျမငွားတဲ့သူက အႏွစ္ ၂၀ လုံးလုံး ေျမငွားခ မေပးဘူးဆိုတာ ေျမငွားဘက္က ပ်က္ကြက္တဲ့ ပ်က္ကြက္မႈတခုေပါ့။ ဘာပဲျဖစ္ျဖစ္ သူ ငွားရမ္းခေပးရမွာ သူ႔ရဲ႕ တာဝန္ပဲေလ။ မေပးဘူး။ ယူတာ မယူဘူး။ ေပးတာကို မယူဘူးဆိုရင္ သက္ဆိုင္ရာ ငွားရမ္းခ ႀကီးၾကပ္မႈ႐ုံးမွာ သြားၿပီးေတာ့ ဆယ့္ေျခာက္တစ္အရ ဒါကို သြားၿပီးေတာ့ ေပးေနမယ္ဆိုရင္ သူရဲ႕ ပ်က္ကြက္မႈ မရွိႏိုင္ဘူး။ အဲဒီေတာ့ ပ်က္ကြက္မႈ မရွိဘူးဆိုရင္ ေျမရွင္က တရားစြဲလို႔ မရဘူး။ ပ်က္ကြက္လို႔ရွိရင္ ေျမရွင္က ဒါကို ေထာက္ၿပီးေတာ့ အေရးဆိုႏိုင္တယ္။ ႏွင္လိုမႈလည္း သူ စြဲခ်င္ရင္စြဲမွာေပါ့။ ဒါနဲ႔ပတ္သက္ၿပီး ဒီဥစၥာေျမရွင္ကေတာ့ ဘာမွ တရားစြဲတာ မရွိဘူး။ ဒါေပမဲ့ တိုက္သစ္ေဆာက္ေတာ့မယ္။ သူ ဘာခံစားရမလဲ သူ သိခ်င္တာ။
မ်ားေသာအားျဖင့္ ျဖစ္ေလ့ျဖစ္ထ ရွိတာကေတာ့ တိုက္က ေျမရွင္ ပိုင္တယ္၊ ေျမႀကီးကလည္း ေျမရွင္ ပိုင္တယ္။ အခန္းမွာ ငွားေနၾကတယ္၊ အေပ်ာက္စနစ္နဲ႔ ဝယ္တာေတြရွိတယ္။ ဒီဘီက်ၿပီး ဒီဥစၥာအႏၲရာယ္ရွိ အေဆာက္အဦ ျပန္ျပင္ရမယ္ဆိုလို႔ရွိရင္ မ်ားေသာအားျဖင့္ ျပန္ရတာက တိုက္ခန္းကို အေပ်ာက္စနစ္နဲ႔ ဝယ္ယူထားတဲ့ ပုဂၢိဳလ္မ်ားက်ေတာ့ အခန္း ျပန္အစားေပးတယ္။ သာမန္ ႏွစ္ခ်ဳပ္တို႔ ၊ လခ်ဳပ္တို႔နဲ႔ စေပၚတို႔နဲ႔ ငွားတဲ့ အိမ္ငွားကေတာ့ ျပန္ရေလ့မရွိဘူး။
ဒါေပမဲ့ ဒီသဘာဝ မတူဘူး။ သူက ေျမငွားၿပီး တိုက္ေဆာက္ထားတာ ဆိုေတာ့ သူ႔မွာေတာ့ အခြင့္အေရးရွိတာေပါ့။ သူရဲ႕အခြင့္အေရးက ဘာလဲ။ သူက လက္ရွိ ျဖစ္ေနတာေလ။ အမႈလည္း သူက အရင္တုန္းက ႏိုင္ထားတယ္။ ဆိုေတာ့ ဒါက ဘယ္အေပၚသြားၿပီးေတာ့ မူတည္လဲဆိုလို႔ရွိရင္ တကယ္လို႔ ေျမရွင္ကေန တိုက္သစ္ ေဆာက္မယ္ဆိုရင္ သူနဲ႔ အေပးအယူလုပ္ရေတာ့မွာ။ အဲဒီ အေပးအယူ လုပ္တဲ့အခါမွာ သူ ေတာင္းဆိုေပါ့။ သူ ရထိုက္တဲ့ဟာကို သင့္တင့္ေလ်ာက္ပတ္တဲ့ အခ်က္ကို သူ ေတာင္းႏိုင္မယ္ဆိုရင္ အခြင့္အေရးရပါတယ္။ လက္လြတ္စပယ္ႀကီးေတာ့ ဖယ္ရွားရမယ့္ အေျခအေနမ်ိဳး မရွိဘူးလို႔ ေျဖၾကားခ်င္ပါတယ္။
(၃) ကြၽန္ေတာ့္ဦးေလးဟာ သူ႔ဇနီးသည္ႏွင့္ အိမ္ေထာင္ကြဲေနတာ ႏွစ္ေပါင္း ၄၀ နီးပါး ရွိေနပါၿပီ။ သူ ေနထိုင္တဲ့အိမ္ကို မၾကာခင္က တူေတာ္သူတဦးကို အရပ္ကတိစာခ်ဳပ္ျဖင့္ ေရာင္းခ်ခဲ့ပါတယ္။ ဒီလို ေရာင္းခ်တာ တရားဝင္မႈ ရွိ၊ မရွိနဲ႔ ဦးေလး ကြယ္လြန္သြားရင္ ဇနီးျဖစ္သူက တရားစြဲလို႔ ရ၊ မရ ဆိုတာကို သိလိုပါတယ္။
ဒီေနရာမွာ ေမးခြန္းေလးက နည္းနည္းေလး အိမ္ေထာင္ကြဲေနတယ္ ဆိုတဲ့ အခ်က္ေလးက မရွင္းဘူးေပါ့ကြယ္။ ကြဲေနတယ္ ဆိုတာက တရားဝင္ ကြာရွင္းတာကို ေျပာတာလား။ ဒါမွမဟုတ္ ခြဲခြာၿပီး ေနၾကတာကို ဆိုလိုတာလား။ ဒါေလးကေတာ့ တိတိက်က် သိရင္ အေျဖက တိက်ႏိုင္တယ္။ အခုဟာက အိမ္ေထာင္ကြဲေနၾကတယ္ ဆိုေတာ့ တရားဝင္ ကြဲသြားတာလား။ တရားဝင္ ကြဲသြားတယ္ ဆိုရင္ေတာ့ ဒီဥစၥာက အဲဒီတုန္းထဲက ပစၥည္းခန္းက ခြဲၿပီးၿပီ။ ႏွစ္ ၄၀ လည္း ၾကာလာၿပီ ဆိုလို႔ရွိရင္ေတာ့ ဒီပစၥည္းဟာ ဇနီးနဲ႔ မဆိုင္ေတာ့ဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုရင္ အေမြက ခြဲၿပီးသြားၿပီး လင္မယားလည္း ျပတ္စဲၿပီးၿပီ၊ ပစၥည္းခန္း သူနဲ႔ ဘာနဲ႔ ကိုယ္နဲ႔ မဆိုင္ေတာ့ဘူး။ ဒါ တပိုင္းေပါ့။
ဒီလိုမွ မဟုတ္ဘဲနဲ႔ စိတ္ေကာက္ၾကၿပီး မတည့္လို႔ ခြဲေနလိုက္ၾကၿပီး living spared တရားဝင္ မကြာေသးဘူး။ တရားဝင္ မကြာေသးဘူးဆိုရင္ ႏွစ္ဘယ္ေလာက္ၾကာၾကာ တရားဝင္ မကြာေသးရင္ တည္ၿမဲခိုင္မာတဲ့ အိမ္ေထာင္ေရးက ျဖစ္ေနတုန္းပဲ။ ဒီလိုဆိုရင္ လင္ေယာက္်ား ေသလို႔ရွိရင္ ပစၥည္းက မယားက ရတာပဲ။ ဒါက ထုံးစံေပါ့၊ ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ ေျပာတာေပါ့ကြယ္။ အဲဒီေတာ့ ဒီအမ်ိဳးသားကေနၿပီးေတာ့ အဲဒီၾကားထဲမွာ တူျဖစ္သူကို သူက ဒီမေ႐ႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္းကို အရပ္စာခ်ဳပ္နဲ႔ ေရာင္းတယ္ ဆိုတာကေတာ့ ဥပေဒနဲ႔မညီဘူး။ စာခ်ဳပ္စာတမ္း ဥပေဒပုဒ္မ ၁၆(က) အရေနာ္၊ ဒီဘက္က (ခ) အရ ဆိုတာက တန္ဖိုး တသိန္းနဲ႔အထက္ မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္း လႊဲေျပာင္းမယ္ဆိုရင္ မွတ္ပုံတင္ရမယ္ ေျပာထားတယ္။ မွတ္ပုံမတင္ရင္ ဒီဥစၥာက ပ်က္ျပယ္တာေပါ့ကြယ္။ ဥပေဒနဲ႔မညီဘူး။ ဒါေၾကာင့္မို႔လို႔ ဒီပစၥည္းက ေစာေစာက ေျပာသလို တရားဝင္ ကြာထားတာ မဟုတ္ဘူး။ ကြဲေနတာဆိုလို႔ရွိရင္ေတာ့ ဇနီးတေယာက္အေနနဲ႔ ဒီပစၥည္းအေပၚမွာ အက်ိဳးခံစားခြင့္ရွိတယ္လို႔ပဲ ေျဖခ်င္ပါတယ္။
(၄) ဆရာခင္ဗ်ား။ ကြၽန္ေတာ့္ရဲ႕ အေဒၚျဖစ္သူဟာ ႏိုင္ငံျခားသားနဲ႔ အိမ္ေထာင္ျပဳထားတာ ျဖစ္ပါတယ္။ သားသမီးလည္း ထြန္းကားျခင္း မရွိပါဘူး။ အေဒၚကလည္း က်န္းမာေရး သိပ္မေကာင္းပါ။ အကယ္၍မ်ား အေဒၚ ကြယ္လြန္သြားရင္ ႏိုင္ငံျခားသားျဖစ္သူ လင္ေယာက္်ားအေနနဲ႔ အေမြဆက္ခံခြင့္ ရွိပါသလား။ က်န္တဲ့ညီအကို ေမာင္ႏွမအေနနဲ႔ အေမြဆက္ခံႏိုင္ပါသလား ဆိုတာကို သိပါရေစ ။
ဒီေနရာမွာ ႏိုင္ငံျခားသား ဆိုတာကို အဓိပၸာယ္ဖြင့္ဖို႔ လိုတယ္။ ႏိုင္ငံျခားသားဆိုတာ ဥပမာ ကိုယ့္ႏိုင္ငံသား၊ ဒီႏိုင္ငံသား ဒီမွာပဲ ေမြးတယ္။ ၿပီးေတာ့မွ ျပည္ပထြက္ၿပီး ႏိုင္ငံျခားသားအျဖစ္ ခံယူလိုက္တဲ့ ႏိုင္ငံျခားသားလည္း ရွိတယ္။ ဒါက တမ်ိဳး။ မူလကတည္းကိုက ႏိုင္ငံျခားသားႀကီး အျခားျပည္က လာတဲ့ ႏိုင္ငံျခားသား။ အဲဒီလူက တမ်ိဳးေပါ့။ ဥပမာ ဒီႏိုင္ငံကေနၿပီးေတာ့ ဒီႏိုင္ငံသားမိဘက ေမြးဖြားတယ္။ ဒီႏိုင္ငံသားျဖစ္ၿပီးေတာ့မွ ႏိုင္ငံျခားသားအျဖစ္ ခံယူလိုက္တဲ့ ပုဂၢိဳလ္နဲ႔ စုလ်ားရစ္ပတ္ လက္ထပ္ၾကမယ္ဆိုရင္ ဇနီးမယား ဆုံးပါးသြားမယ္ဆိုရင္ ဒီပစၥည္းက လင္၊ ႏိုင္ငံျခားသား ျဖစ္ေပမယ့္ သူ႔မွာ ခံစားခြင့္ရွိတယ္။ ဒါက သဘာဝတမ်ိဳး။ ဘာျဖစ္လို႔လဲ သူက ေမြးရာပါ အခြင့္အေရး ေခၚတာေပါ့။ အင္ဗက္ အင္ဒရက္ ေခၚတယ္။ ေမြးရာပါ အခြင့္အေရးအရ သူ အေမြဆက္ခံခြင့္ ရွိတယ္။ ဒါနဲ႔ပတ္သက္လို႔က ဦးအန္ကူး(ေခၚ) ဦးေအာင္တဲ့။ ဒါ နာမည္ႀကီး စီရင္ထုံးေပါ့။ ၁၉၉၀ ျပည့္ႏွစ္ ျမန္မာႏိုင္ငံ စီရင္ထုံး စာမ်က္ႏွာ ၂၂၄ မွာလည္း ဒီလိုပဲ ထုံးဖြဲ႕ထားတာေပါ့။ ဒါက တမ်ိဳး။
ေနာက္ႏိုင္ငံျခားသား ဆိုတာက မူလကတည္းကိုက ျပည္ပႏိုင္ငံက လာတဲ့ ႏိုင္ငံျခားသားႀကီး။ အဲဒီက ဆင္းသက္လာတဲ့ ႏိုင္ငံျခားသားေပါ့။ အဲဒီႏိုင္ငံျခားသားနဲ႔ ဒီအေဒၚျဖစ္သူနဲ႔ ဥပမာ လက္ထပ္ၾကမယ္ဆိုလို႔ရွိရင္ ဒီအေဒၚျဖစ္တဲ့သူ ဆုံးပါးသြားလို႔ရွိရင္ အေဒၚျဖစ္သူရဲ႕ ပစၥည္းကို အဲဒီႏိုင္ငံျခားသားက ဆက္ခံပိုင္ခြင့္ မရွိပါဘူးကြယ္။ ဒါနဲ႔ပတ္သက္လို႔ကေတာ့ (ခြန္ဆူးေပါက္ဖန္ႏွင့္ ေဒၚဟန္ ၁၉၉၁ ခုႏွစ္ ျမန္မာႏိုင္ငံ စီရင္ထုံး စာမ်က္ႏွာ ၁၆ မွာ ဒီလို ဆိုထားတယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံျခားသား ဆိုတာ ဘယ္လို ႏိုင္ငံျခားသားမ်ိဳးကို ဆိုလိုတာလဲ ဆိုတဲ့အေပၚ မူတည္ၿပီးေတာ့ အဲဒီလို သိရွိနားလည္ဖို႔ကိုပဲ ေျဖၾကားခ်င္ပါတယ္။
(၅) အသက္ ၉၀ ေက်ာ္ အဘိုး အဘြားမွာ သားသမီး ၄ ေယာက္ ရွိပါတယ္။ အပ်ိဳႀကီးတေယာက္က အဘိုး အဘြားနဲ႔အတူ ေနၿပီး စက္ခ်ဳပ္ေကြၽးေနသူပါ။ သားတဦးကေတာ့ ဒီအိမ္ဝိုင္းထဲမွာပဲ သီးျခားအိမ္ေလး ေဆာက္ၿပီး ေနထိုင္ပါတယ္။ က်န္တဲ့ သမီးႏွစ္ေယာက္ကေတာ့ ရပ္ေဝးမွာပါ။ လြန္ခဲ့တဲ့ ဧၿပီလအတြင္းမွာ ရပ္ေဝးမွာ ေနတဲ့ သမီး ႏွစ္ေယာက္နဲ႔ သမက္က မျပန္ေတာ့ဘဲ ဒီအိမ္မွာပဲ ေနထိုင္ပါတယ္။ အဲဒီေနာက္ပိုင္းမွာ သူတို႔က ဒီအိမ္နဲ႔ ပတ္သက္တဲ့ စာခ်ဳပ္စာတမ္းေတြကို သူတို႔အမည္နဲ႔ ေပါက္ေအာင္ လုပ္ထားပါတယ္။ ဒီကိစၥကို က်န္တဲ့သားသမီးေတြက အမႈဖြင့္ထားပါတယ္။ အမႈက ဥပေဒအႀကံေပးဆီမွာ ရွိေနပါေသးတယ္။ သီးျခားသက္သာခြင့္ အက္ဥပေဒပုဒ္မ ၉ နဲ႔ တရားစြဲႏိုင္ပါသလား။ စြဲမယ္ဆိုရင္ ဘာေတြ လိုအပ္မလဲ ဆိုတာကို သိရပါရေစ ။
အဘိုး အဘြား ဆိုေတာ့ အေဖ၊ အေမ နာမည္ေပါက္တာေပါ့ကြယ္။ အဘြားဆိုေတာ့ အေမေပါ့ေနာ္။ အေမနဲ႔ တေယာက္ ေနတယ္။ က်န္တဲ့တစ္ေယာက္က အိမ္မွာ ေနတယ္။ ႏွစ္ေယာက္ အျပင္မွာ ေနတာကေန ဒီမွာ လာေနတယ္။ ဒီမွာ လာေနၿပီးေတာ့မွ သူတို႔ အမည္ေပါက္ေအာင္လို႔ ေဆာင္႐ြက္တာကို တရားစြဲထားတယ္။ အဲဒီအပိုင္းေတာ့ မေျပာေတာ့ဘူး။ တရားစြဲထားတယ္ ဆိုေတာ့ တရား႐ုံးက ဆက္ဆုံးျဖတ္မွာေပါ့။ သူ ေမးထားတာက သီးျခားသက္သာခြင့္ ဥပေဒပုဒ္မ ၉နဲ႔ တရားစြဲလို႔ရသလား ဆိုတာေလးေပါ့။
သီးျခားသက္သာခြင့္ ၉ ဆိုတာကေတာ့ သူကေတာ့ လက္ရွိေပါ့။ လက္ရွိ ရွိေနတဲ့ ေနရာမွာ ဝင္ေရာက္ၿပီးေတာ့ သူက က်ဴးေက်ာ္တာကို ေျပာတာ။ က်ဴးတယ္ဆိုေတာ့ လက္ရွိက ပိုင္ရွင္ ဟုတ္ခ်င္လည္း ဟုတ္မယ္၊ မဟုတ္ခ်င္လည္း မဟုတ္ဘူး။ လက္ရွိ ရွိေနတဲ့ ေနရာမွာ တျခားလူကေန ဝင္ေရာက္ၿပီးေတာ့ က်ဴးေက်ာ္ေနတယ္ဆိုလို႔ရွိရင္ သီးျခားသက္သာခြင့္ ၉ နဲ႔ စြဲတာေပါ့။ ၈ နဲ႔ စြဲတယ္ ဆိုတာကေတာ့ ပိုင္ဆိုင္မႈရွိတဲ့သူကိုက စြဲတာေပါ့။ ၈ ရဲ႕သေဘာကေတာ့ ေျမကြက္တကြက္ ရွိမယ္။ အဲဒီမွာ ဒီဥပစာကို ပိုင္ရွင္ရွိတယ္။ ပိုင္ရွင္ရွိရဲ႕သားနဲ႔ အျခားလူက ဝင္ၿပီးေတာ့ ဝင္ေရာက္ေနထိုင္တယ္ ဆိုရင္ ဒါ ပိုင္ရွင္ကိုယ္တိုင္ စြဲရင္ သီးျခားသက္သာခြင့္ ၈ နဲ႔ စြဲရတာေပါ့။ ၉ ဆိုတာကေတာ့ ပိုင္ဆိုင္ခြင့္နဲ႔မဆိုင္ဘူး။ လက္ရွိ ရွိေနတဲ့သူက စြဲရမွာ။ လက္ရွိ ရွိေနတဲ့သူက စြဲရင္ေတာ့ ဘယ္ေလာက္အတြင္း စြဲရမလဲ ဆိုလို႔ရွိရင္ေတာ့ သီးျခားသက္သာခြင့္ဥပေဒအရ ဆိုရင္ေတာ့ ၆ လအတြင္း စြဲရမယ္။ လာၿပီး က်ဴးေက်ာ္တဲ့ေန႔က စၿပီး ၆ လအတြင္း စြဲရမယ္။
ဒီကိစၥမွာ ျပန္စဥ္းစားတဲ့အခါက်ေတာ့ သူကေတာ့ ၆ လ မကေတာ့ဘူး ေနေနတာ။ အဲဒီလိုဆိုေတာ့ သူ႔တို႔ ဒီမွာ လာေနတယ္။ သူတို႔ အမည္ေပါက္ေအာင္ လုပ္ေဆာင္ေနတယ္။ ၆ လ ေက်ာ္ရင္ စြဲလို႔မရဘူး။ ေနာက္တခုက ၆ လမေက်ာ္သည့္တိုင္ေအာင္လည္း သီးျခား ၉ နဲ႔ အက်ဳံးမဝင္ႏိုင္ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔က က်ဴးေက်ာ္လာတာ မဟုတ္ဘူး။ လာေနတာ ခြင့္ျပဳထားတာ။ ခြင့္ျပဳထားတာကေန မျပန္ေတာ့တာေပါ့။ သီးျခားနဲ႔ မဆိုင္ဘူးေပါ့။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သီးျခားဆိုတာက က်ဴးေက်ာ္ၿပီး လာမွ သေဘာမတူဘဲနဲ႔ လက္ရွိ ရွိေနတဲ့ သူ သေဘာမတူဘဲ ဝင္ေရာက္လာၿပီး ေနမွ သူက က်ဴးေက်ာ္ျဖစ္တာ။ သူတို႔က လက္ခံထားၿပီးသား။ လက္ခံထားၿပီးသားမွ သူကေန မျပန္ေတာ့လို႔ တရားစြဲမယ္ဆိုရင္ သီးျခားသက္သာခြင့္ ၉ နဲ႔ အက်ဳံးမဝင္ပါဘူး။ အက်ဳံးဝင္ရင္လည္း ၆ လအတြင္း စြဲရပါမယ္။ ၆ လေက်ာ္ရင္ စြဲခြင့္မရွိပါဘူးလို႔ပဲ ေျဖခ်င္တယ္။
2 years Ago