ဥပဒေဖောက်ဖျက်မှု

A d v e r t i s e m e n t With Us

March 17, 2020

အာရှရန်ကုန်ဘဏ်ကို ဥပဒေဖောက်ဖျက်မှုကြောင့် လိုင်စင်ရုပ်သိမ်း

နှစ် ၃၀ နီးပါးလုပ်ကိုင်လာတဲ့ အာရှရန်ကုန်ဘဏ်ကို ဥပဒေဖောက်ဖျက်တာကြောင့်ဆိုပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ညနေကစပြီး လိုင်စင်ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် မနေ့ညနေကစပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ အာရှရန်ကုန်ဘဏ် လီမိတက် ကို အုပ်ချုပ်သူခန့်ထား စီမံအုပ်ချုပ်မယ်လို့ ဆိုပါတယ်။ ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်သူတွေအနေနဲ့ ငွေထုတ်ချင်တယ်ဆိုရင် သက်ဆိုင်ရာမြို့တွေ မှာရှိတဲ့ အာရှရန်ကုန်ဘဏ်ခွဲတွေမှာ ပုံမှန်ရုံးချိန်အတွင်း ငွေထုတ်ချင်ရင် ထုတ်ယူနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ လယ်ဝေး၊ တပ်ကုန်း၊ တောင်ငူ၊ မုံရွာ၊ မကွေး၊ ပုသိမ်၊ ပြည်၊ မင်းဘူး၊ ဟင်္သာတနဲ့ ဓနုဖြူမြို့တို့မှာ ဘဏ်ခွဲပေါင်း ၁၃ ခုရှိတယ်လို့ ဘဏ်ရဲ အချက်အလက်တွေအရ သိရပါတယ်။ ဒီအပေါ်မှာ အာရှရန်ကုန်ဘဏ်ရုံးချုပ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာဖြေကြားတာ မရှိခဲ့ပါဘူး။
12 months Ago
Up