ဥပဒေချိုးဖောက် လောင်းကစားပြုလုပ်သူ

A d v e r t i s e m e n t With Us

January 18, 2021

ကိုဗစ်ကာလ ဥပဒေချိုးဖောက် လောင်းကစားပြုလုပ်သူ မြန်မာ ၁၂ ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလ ဥပဒေချိုးဖောက်ကာ လူစုလူဝေးနဲ့ လောင်းကစားပြုလုပ်တဲ့ မြန်မာ ၁၂ ဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၁၇ ရက်ညပိုင်းက စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီဒေသတွင်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ညပိုင်း ၁၁ နာရီလောက်က လူဝင်မှုကြီးကြပ်ရေးနဲ့ ဘန်ဖလီရဲတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က တိုက်ခန်းတွင်း ဝင်ရောက်ရှာဖွေချိန်မှာ မြန်မာအမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို လူစုလူဝေးနဲ့ လောင်းကစား သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ လတ်တလောကာလ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားပြီး လူစုလူဝေးမလုပ်ကြဖို့ အမိန့် ထုတ်ပြန်ထားခဲ့တာပါ။ လတ်တလောမှာတော့ ဉပဒေချိုးဖောက်တဲ့ ရွှေ့ပြောင်းမြန်မာ ၁၂ ယောက်ကို ဘန် ဖလီရဲစခန်းကို ပို့ဆောင်ကာ ဉပဒေကြောင်းအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင် သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 months Ago
Up