ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင်

March 12, 2017

ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ၀န်ကြီးချုပ်မိုဒီ၏ပါတီ အောင်ပွဲခံ

အိန္ဒိယနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ဥတ္တရာပရာဒက်ရှ်ပြည်နယ်မှာ မတ် ၁၁ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီရဲ့ အာဏာရပါတီ ဘီဂျေပီ အောင်ပွဲခံသွားပါတယ်။ ဒီအောင်မြင်မှုဟာ ဘီဂျေပီ ပါတီအတွက် ၁၉၈၀ နောက်ပိုင်း လူထုထောက်ခံမှုအရဆုံးပြန်ဖြစ်လာတာဖြစ်ပြီး ၀န်ကြီးချုပ် နောက်သက်တမ်းဆက်ထမ်းဆောင်ခွင့်ရဖို့ လမ်းပွင့်သွားပြီလို့ ဆိုပါတယ်။ ၀န်ကြီးချုပ် မိုဒီကိုယ်တိုင် မဲဆင်းဆွယ်ခဲ့ပြီး နောက်ထပ်မြောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ဥသာရခန် Uttarakhand ပြည်နယ်မှာလည်း လူထုစစ်တမ်းတွေအရ ဘီဂျေပီ ပါတီပဲ အနိုင်ရဖို့ များနေပါတယ်။ ပြည်နယ်လူထု ၁၀ ယောက်မှာ ၄ ယောက်နီးပါး ဘီဂျေပီပါတီကို ထောက်ခံခဲပြီး ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ ၀န်ကြီးချုပ်မိုဒီကလည်း အခုလို ပြည်ထုက ပါတီကို ထောက်ခံခဲ့ကြတဲ့အတွက် လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ခဲ့ပြီး ပါတီရဲ့နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်တွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုအစီအစဉ်တွေကို ထောက်ခံလို့အခုလို  သမိုင်းဝင်အနိုင် ရရှိခဲ့တာလို့ သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။ ဘီဂျေပီ ပါတီဟာ အထက်လွှတ်တော်မှာ နေရာအများစု မရခဲ့တဲ့အတွက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ အဟန့်အတားတွေဖြစ်ခဲ့ပြီး အခုတော့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ ပိုပြီး လုပ်ဆောင်နိုင်တော့မယ်လို့ဆိုပါတယ်။ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဂရက်ပါတီကတော့ ပန်ဂျပ်ပြည်နယ်နဲ့ မနီပူပြည်နယ်တွေမှာ လူထုထောက်ခံမှု ပိုမိုရရှိနေပါတယ်။
5 years Ago
Up