ဥက္ကဋ္ဌ၏ ဇနီး

May 28, 2018

ဝန်ထမ်းများအပေါ် ဆဲဆိုခဲ့သည့် ကိုရီးယန်းလေကြောင်းဥက္ကဋ္ဌ၏ ဇနီးကို ရဲတပ်ဖွဲ့ ဆင့်ခေါ်

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ ရဲတပ်ဖွဲ့ဟာ လက်အောက်ဝန်ထမ်းတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုပြုမူခဲ့တဲ့ ကိုရီးယန်းလေကြောင်းလိုင်း (Korean Air Lines) ဥက္ကဋ္ဌရဲ့ ဇနီးကို မေလ ၂၈ ရက်နေ့က ဆင်ခေါ့်မေးမြန်းခဲ့ပါတယ်။ ကိုရီးယန်းလေကြောင်းလိုင်းဥက္ကဋ္ဌ ချိုယန်ဟိုရဲ့ဇနီး လီမြောင်ဟီဟာ ၂၀၁၄ ခုနှစ်က ဆောက်လုပ်ရေးလုပ်သားတွေကို နှုတ်နဲ့ ဆဲဆိုကျိန်ဆဲခဲ့ရုံမက ကိုယ်ထိလက်ရောက်လည်း စော်ကားခဲ့ပါတယ်။ ဒီကိစ္စကို တောင်ကိုရီးယားအခြေစိုက် ယွန်ဟက်သတင်းဌာနက တနိုင်ငံလုံးသိအောင် ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဥက္ကဋ္ဌ ချိုရဲ့ သမီးအငယ်ဆုံး ချိုမြောင်မင်ဟာလည်း ပြီးခဲ့တဲ့လကလုပ်တဲ့ ကုမ္ပဏီအစည်းအဝေးတခုမှာ လက်အောက်အရာရှိတွေကို ရေသန့်ဘူးနဲ့ ဒေါသတကြီး ပစ်ပေါက်ခဲ့ပါတယ်။ ဒီအတွက် တနိုင်ငံလုံး ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကို ဖြေရှင်းတဲ့အနေနဲ့ ဥက္ကဋ္ဌ ချိုက သူ့သမီးတွေကို ကုမ္ပဏီမှာ ခန့်ထားတဲ့ ရာထူးတွေကနေ ပြန်ရုပ်သိမ်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up