ဥက္ကဋ္ဌပြော

January 21, 2018

ကစားသမား ထွက်ခွင့်မတောင်းပါက ရောင်းချမည်မဟုတ်ဟု ဂျူဗင်တပ်ဥက္ကဋ္ဌပြော

ကစားသမားက ထွက်​ခွာခွင့် မ​တောင်းမခြင်း ​ရောင်းချမှာမဟုတ်​ဘူးလို့ ဂျူဗင်​တပ်​စ်​အသင်းရဲ့ ဥက္ကဋ္ဌ မာ​ရော့တာက ဒိုင်​ဘာလာရဲ့ အ​ပြောင်းအ​ရွှေ့နဲ့ ပတ်​သတ်​လို့​ ပြောကြားလိုက်​ပါတယ်​။ မန်​ချက်​စတာယူနိုက်​တက်​အသင်းဟာ ဂျူဗင်​တပ်​စ်​​ခြေစွမ်းပြ တိုက်​စစ်​မှူး ​ပေါ်လိုဒိုင်​ဘာလာကို ​ခေါ်ယူဖို့ စိတ်​ဝင်​စား​နေပေမယ့် အခုစကား​ကြောင့် ​မျှော်​လင့်ချက်တွေ​ မှေးမှိန်​ခဲ့ရပါတယ်​။ ဒါ့အပြင်​ ဒိုင်​ဘာလာဟာ အသင်းနဲ့စာချုပ်​သက်​တမ်း ကျန်​ရှိ​နေ​သေးတဲ့အတွက်​ ​ရောင်းချဖို့ မရှိ​သေးဘူးလို့ ဆိုပါတယ်​။ ဒိုင်​ဘာလာဟာ အသက်​ ၂၄ သာ ရှိ​သေးပြီး ၂၈ ပွဲမှာ ၁၇ ဂိုးထိ သွင်းယူ​ပေးထားတဲ့ ကစားသမားလည်း ဖြစ်​ပါတယ်​။ မန်​ချက်​စတာယူနိုက်​တက်​အသင်းဟာ မကြာ​သေးတဲ့ အချိန်​ကလည်း ဆန်းချက်​ဇ်​ကို ​ခေါ်ယူထားပြီး​ တိုက်​စစ်​ကို မြှင့်​တင်​ဖို့ ပြင်​ဆင်​​နေတာလည်း ဖြစ်​ပါတယ်​။
3 years Ago
Up