ဥက္ကံမြို့

April 27, 2019

ဥက္ကံမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ ပြုလုပ်

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ ဧပြီ ၂၇ ရက်နေ့မနက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒပြင်ဆင်ရေး လုထုထောက်ခံပွဲနဲ့ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ ဥက္ကံမြို့ အနော်ရထာရပ်ကွက် ဘုရားကြီးကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဲ့ဒီဟောပြောပွဲမှာ အခြား ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပေဒေကို အကြိမ်ပေါင်းများစွာ ပြင်ဆင်နေကြတာကြောင့် မြန်မာနိုင်ငံမှာလည်း ပြင်ဆင်ဖို့ အခုလိုမျိုး တောင်းဆိုတာလို့ စာရေးဆရာတွေက ဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူကို ကိုယ်စားပြု တဲ့ ဥပဒေမဟုတ်ဘဲ လူတစုကိုသာ ကိုယ်စားပြုတဲ့ ဥပဒေသာဖြစ်တယ်လို့ ဟောပြောခဲ့ကြပါတယ်။ ထောက်ခံဟောပြောပွဲကို ဥက္ကံမြို့ ဒေသခံတွေ၊ ပရဟိတအဖွဲ့တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ စုစုပေါင်း အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
4 years Ago

July 19, 2018

ဥက္ကံမြို့အနီး  အဝေးပြေးယာဉ် ၁ စီး မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မိုင်တိုင်အမှတ် ၁၀၈ မှာ ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဆင်ပေါင်ဝဲ-ဒဂုံ အဝေးပြေယာဉ်တစီး ဇူလိုင် ၁၉ ရက် ညနေ ၃ နာရီကျော်လောက်က  မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအဝေးပြေးယာဉ်ရဲ့ ဝမ်းဗိုက်ထဲမှာ မီးသွေးအိတ်တွေ တင်ဆောင်မောင်းလာစဉ် အင်ဂျင်ခန်း ဝါယာရှော့ဖြစ်လို့ မီးလောင်ရာကနေ မီးသွေးအိတ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ရာကို ဥက္ကံမြို့ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၃ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၄၅ ဦးကတော့ ထိခိုက်ဒဏ်ရာတာ မရှိဘူးလို့ သိရပါတယ်။
5 years Ago
Up