ဥက္ကံချောင်းကူး

December 11, 2017

ဥက္ကံချောင်းကူး မီးရထားသံလမ်းပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်၊ ၁ ဦးသေ

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျန်စစ်သားရပ်ကွက်မှာ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက ဥက္ကံချောင်းအားဖြတ်ထားတဲ့ မီးရထားသံလမ်းပေါ်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ဖြတ်မောင်းစဉ် ဆိုင်ကယ်တိမ်းမှောက်ပြီး တံတားအောက်ပြုတ်ကျတာကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒာဏ်ရခဲ့ပါတယ်။ ဥက္ကံနယ်မြေရဲစခန်း အမှုစစ်ဒုရဲအုပ် နေသူရိန်မင်းက “ကျနော်တို့ ဆိုင်ကယ်မှောက်တယ် သတင်းကြားလို့ သွားကြည့်တော့ ရွှေနားကွင်းကျေးကနေ မောင်းနှင်ပြီး နောက်မှာ နေဝင်းဦး လိုက်ပါလာတဲ့ ဆိုင်ကယ်က မီးရထားသံလမ်းအတိုင်း ချောင်းကိုဖြတ်ကူးပြီး သမ္မာန်ကျော်ကျေးရွာကိုအသွား ဆိုင်ကယ်မှောက်ပြီး တံတားအောက်ကိုပြုတ်ကျလို့ မောင်းသူစောကျော်ထွေးကတော့ နေရာတင်သေဆုံးခဲ့ပြီး ဝင်းဦးဆိုသူကိုတော့ ရန်ကုန်ဆေးရုံကို ထင်ထားရတယ်” လို့ ပြောပါတယ်။ ဥက္ကံနယ်မြေရဲစခန်းက စောကျော်ထွေးကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ -၂၇၉/၃၃၈/၃၀၄(က) တို့နဲ့ အမှုဖွင့်ရေးယူထားတယ်လို့ သိရပါတယ်။ ဥက္ကံချောင်းကူးမီးရထားသံလမ်းပေါ်မှာ ဆိုင်ကယ်ဖြင့် ဖြတ်ကူးရာမှာ နှစ်စဉ်ယာဉ်တိမ်းမှောက်မှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး သေဆုံးမှုမှာ တစ်နှစ်ကို ၅  ဦးလောက်ရှိတယ်လို့ ကျန်စစ်သားရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။ သတင်း-မေသွယ်
4 years Ago
Up