ဥက္ကံတွင်

A d v e r t i s e m e n t With Us

February 23, 2018

ဥက္ကံတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ရွာမကျေးရွာအုပ်စု ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက လမ်းဘေးရပ်ထားတဲ့ ခရီးသည်တင်ဟိုင်းလတ်ကားကို မီးသွေးတွေတင်ဆောင်လာတဲ့ နီဆန်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက ပြောပါတယ်။ အမူစစ်ဒုရဲအုပ် မင်းသူက “ယာဉ်မောင်း ဦးညိုကြီး မောင်းနှင်လာတဲ့ ခရီးသယ်တင်ယာဉ်က မိုင်တိုင်အမှတ် ၆၄ မိုင် ၆ ဖာလုံအရောက် လမ်းဘေးမှာရပ်ပြီး ပန်းသီးခြင်းတင်နေတာ။ ပြည်ဘက်ကနေ ရန်ကုန်ကိုမောင်းလာတဲ့ နီဆန်အမျိုးအစား ကုန်တင်ယဉ်က အနောက်ကဝင်တိုက်ခဲ့တာ။ ခရီးသယ်တင်ကားက လမ်းဘေးထိုးကျခဲ့ပြီး ခရီးသယ်အမျိုးသမီးတဦးကားပေါ်ကပြုတ်ပြီး နောက်ကကားကတက်နင်းသွားတာ။ နေရာမှာတင် သေသွားခဲ့တယ်။ ကျန်တဲ့ရှစ်ယောက်ကတော့ ထိခိုက်ဒဏ်ယာရတယ်။ ဥက္ကံဆေးရုံကို ပို့ထားတယ်။ နှစ်ဦးကတော့ ရန်ကုန်ပို့လိုက်ရတယ်။ ကျန်တဲ့ခြောက်ဦးကတော့ ဥက္ကံဆေးရုံမှာပါ” လို့ ပြောပါတယ်။ ဥက္ကံနယ်မြေရဲစခန်းက ထွက်ပြေးသွားတဲ့ကုန်တင်ယာဉ်မောင်း(စုံစမ်းဆဲ) ကို ယာဉ်ဆင်မချင်မောင်းနှင်လို့ လူသေဆုံးထိခိုက်ဒဏ်ရရှိမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၃၃၈/၃၃၇/၂၀၂ တို့နဲ့ အမူဖွင့်ဆောင်ရွက်ထားပါတယ်။ သတင်း-မေသွယ်
3 years Ago

December 2, 2016

ဥက္ကံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တောဆင်ရိုင်း သတ်သူ ၄ ဦး ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ချောင်းစောက်ကျေးရွာမှာ ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် တောဆင်ရိုင်း သတ်တဲ့အဖွဲ့ကို ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီက ဖမ်းဆီးမိခဲ့ပါတယ်။ ချောင်းစောက်ကျေးရွာ တောင်ဘက် ဥက္ကံချောင်းစပ်မှာ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ တောဆင်ရိုင်းတကောင် ဦးခေါင်းတခြား ကိုယ်တခြား သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းချက်အရ ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလင်း အပါအဝင် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့တာလို့ ဥကံ္ကနယ်မြေရဲစခန်းက ဒုရဲအုပ်လှိုင်ဝင်းထွန်းက ပြောပါတယ်။ ချောင်းစောက်ကျေးရွာအုပ်စုအတွင်းရှိ တောဆင်ရိုင်းသေဆုံးမှုနဲ့ပတ်သက်၍ ချောင်းစောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၊ မအူခုံကျေးရွာနေ ဖိုးလုံး၊ ဇော်လင်း၊ ကျောက်ပြင်သာကျေးရွာနေ ဇော်ခင်နဲ့ သန်းဇော်တို့ကို ဖမ်းဆီးထားပြီး တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသက်နိုင်ဦးက တရားလိုပြုကာ (ပ)၂၀၈/၂၀၁၆ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၃၇(က) နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ တိုက်ကြီးမြို့နယ်မှာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၉ ကောင် သေဆုံးပြီး သေဆုံးတဲ့ဆင်တွေရဲ့ အစွယ်၊ နှာမောင်း၊ ခွာ နဲ့ အရေပြားတို့ ယူဆောင်သွားတာတွေ ရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံဟာ တောဆင်ရိုင်း ဒုတိယအများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝအပင်တွေ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေတွေ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) အရ ဆင်တွေကို လုံးဝကာကွယ်ထာတဲ့ တောရိုင်းတိရစ္ဆာန်စာရင်းမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ တောဆင်ရိုင်းတွေ ဘေးမဲ့တောအဖြစ် စုစုပေါင်း ဧရိယာ ၉၂၀၅ ဒသမ ၀၄စတုရန်မိုင် ထားရှိကြောင်း၊ ဆင်တွေနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံ အခြေစိုက် INGO အဖွဲ့မှ မြန်မာသစ်လုပ်ငန်းတွေရှိ ဆင်အို၊ ဆင်နာတွေနဲ့ ဆင်ငယ်တွေ ပြုစု စောင့်ရှောက်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ပြုလုပ်ဖို့ MOU ထိုးရေးတို့အတွက် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
4 years Ago
Up