စကော့တလန်မှာ ဥက္ကာပျံကြွေရာကနေ ထွက်လာတဲ့ ကောင်းကင်ပေါ်က မီးလုံးကြောင့် ရဲစခန်းက ဒေသခံတွေရဲ့ တယ်လီဖုန်းခေါ်ဆိုမှုတွေ အမြောက်အမြား လက်ခံရရှိပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက ဥက္ကာပျံကြွေတဲ့အတွက် ကျယ်လောင်တဲ့ မြည်ဟီးသံကို ကြားရသလို အိမ်တွေ တုန်သွားတယ် ဆိုတဲ့အကြောင်းကို ဒေသခံတွေက ဖုန်းဆက် အကြောင်းကြားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးပြီး ဒါဟာ ဥက္ကာပျံမိုးရွာတာ ဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့ကြောင်း သူက ပြောပါတယ်။
တချို့က နက္ခတ်ဗေဒဆိုင်ရာ ဖြစ်ရပ်တခုလို့ ပြောဆိုသလို တချို့ကတော့ စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ကို လူတွေအမြောက်အမြား မြင်တွေ့ခဲ့ရပြီး ကင်မရာနဲ့ မှတ်တမ်းတင်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။
5 years Ago