ဥက္ကံမြို့

February 28, 2021

တိုက်ကြီး၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့တွင် ပြည်သူသောင်းချီ ဆန္ဒပြ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီး၊ ဥက္ကံမြို့နဲ့ အဖျောက်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က  လူဦးရေ သောင်းချီ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒဖော်ထုတ်ကြပါတယ်။

တိုက်ကြီးမြို့မှာ လူဦးရေ  ၂ သောင်းကျော်၊ အဖျောက်မြို့မှာ လူဦးရေ ၁ သောင်းကျော်၊ ဥက္ကံမြို့က လူဦးရေ ၁ သောင်းကျော်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်ကြပါတယ်။ 

ဒီကနေ့မှာတော့ တိုက်ကြီးမှာ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် အသင့်အနေအထားနဲ့ စောင့်နေတာကို တွေ့ရပါတယ်။

တိုက်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီး စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ပွဲကို စတင်ဆန္ဒပြခဲ့ရာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆည်မြောင်း၊ သစ်တော၊ မြန်မာ့မီးရထား၊ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတချို့ ပါဝင်ခဲ့ပါတယ်။

9 months Ago

February 13, 2021

ဥက္ကံမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားသောင်းချီ ဆန္ဒပြ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ စစ်အာဏာဏရှင်ဆန့်ကျင်ရေး ၆ ရက်မြောက်နေ့ ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်/ကျေးအုပ်ချူပ်ရေးမှူးတွေ၊ တောင်သူလယ်သမားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်တွေနဲ့ ပြည်သူတွေ လူအင်အားသောင်းချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ရပ်ကွက်/ ကျေးရွာအုပ်ချူပ်ရေးမှူးတွေ အလုပ်မှာရပ်နားတဲ့ စာထွက်ရှိခဲ့ပြီးနောက် ဆက်လက်မလုပ်တဲ့ အုပ်ချူပ်ရေးမှူးတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေ  ပါဝင်လာခဲ့တာပါ။

တိုက်ကြီးမြို့နဲ့ အဖျောက်မြို့တို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲမှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ မြေစာရင်းနဲ့ အဖျောက်ရေနံမြေလုပ်သားတွေ ပါဝင်လာခဲ့ပြီး အင်အားသောင်းနဲ့ချီ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။

10 months Ago
More News
Up