ဥက္ကာခဲ

A d v e r t i s e m e n t With Us

October 8, 2020

မက္ကဆီကိုကောင်းကင်ယံသို့ ကျလာသည့်ဥက္ကာခဲ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း မွန်တေရီမြို့ ည ကောင်းကင်မှာ အောက်တိုဘာ ၆ ရက်က မီးလုံးကြီး တလုံးကြောင့် လင်းထိန်ခဲ့ပါတယ်။   ဒီမီးလုံးကြီးဟာ ဥက္ကာခဲတခု ကွဲထွက်လာပြီး ကမ္ဘာ့လေထုထဲကို ဝင်လာတာကြောင့် ဖြစ်ပုံရတယ်လို့ မက္ကဆီကိုအရပ်ဘက် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။   လုံခြုံရေး ကင်မရာတွေက ဒီအခိုက်အတံ့ကို ရိုက်ကူး နိုင်ခဲ့ကြပါတယ်။
5 months Ago

April 26, 2020

ဥက္ကာခဲ တခု ဘရာဇီးနိုင်ငံအတွင်း ပေါက်ကွဲကျရောက် (ရုပ်သံ)

အာကာသထဲက ဥက္ကာခဲတခု ဘရာဇီးနိုင်ငံထဲ ပေါက်ကွဲ ကျရောက်တဲ့  မြင်ကွင်းကို ဧပြီ ၂၃ ရက်မှာ နက္ခတ်တာရာကြည့်စခန်း စီစီတီဗွီက မှတ်တမ်းတင်နိုင်လိုက်ပါတယ်။   အဲဒီဥက္ကာခဲဟာ  ဟီရိုဂရန်ဂျူဒူဆိုပြည်နယ် ဟောတိန်ဆက်ဒေသမှာ  ပေါက်ကွဲ  ပျက်ကျခဲ့တယ်လို့  သတင်းတွေက ဆိုပါတယ်။    ဥက္ကာခဲဟာ ကမ္ဘာ့လေထု အမြင့်  ၆၆ ဒသမ ၁ မိုင် အကွာအထိ   ဝင်ရောက်လာပြီး မြို့  ၃ မြို့ အထက် ၄၁ ဒသမ ၆ မိုင် အမြင့်မှာ ပေါက်ကွဲခဲ့တယ်လို့  နက္ခတ်ပညာရှင်တဦးက ပြောခဲ့ပါတယ်။   အဲဒီမြို့ ၃ မြို့ဟာ နိုဗာပက်ထရိုပိုလစ်၊ ကန်နယ်လာနဲ့ ဂျီရာမာဒိုမြို့တွေ ဖြစ်ပြီး ဥက္ကာခဲ  ပေါက်ကွဲ ပျက်ကျခဲ့တဲ့အတွက် ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up