CNN သတင်းဌာန ဥက္ကဋ္ဌ ဂျက်ဖ်ဇူကာဟာ ဒီနှစ်ကုန်မှာ ရာထူးက ဆင်းတော့မယ်လို့ CNN က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာ CNN ကို ဝင်ရောက်လာတဲ့ ဇူကာဟာ ကနဦးပိုင်းအောင်မြင်မှုတွေနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးလုပ်ငန်းမှာ ဂုဏ်သတင်းကြီးပါတယ်။
ဇူကာဟာ အသက် ၂၀ ဝန်းကျင်အရွယ်က NBC ရဲ့ "Today" show ထုတ်လုပ်သူ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ NBC ဖြော်ဖြေရေးလုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
အမေရိကန်ဟာ နိုင်ငံရေးခေတ်သစ်တစ်ခုကို ရောက်လာတာမို့ AT&T ကော်ပိုရေးရှင်းရဲ့ Warner Media အစိတ်အပိုင်း CNN ဟာ လူကြိုက်များမှု မြင့်တက်လာပါတယ်။
ဇန်နဝါရီလတုန်းက CNN ဟာ လွန်ခဲ့တဲ့ နှစ်ကာလတူထက် စုစုပေါင်း ပေါင်းကြည့်ရှုသူ ၁၅၃ ရာခိုင်နှုန်း မြင့်တက်ပြီး ကြည့်ရှုသူ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
AT&T ကော်ပိုရေးရှင်းဟာ ဂြိုဟ်တုရုပ်မြင်သံကြားယူနစ် DirecTV က ရှယ်ယာ အနည်းငယ်ကို ပုဂ္ဂလိကကုမ္ပဏီ TPG ထံ ရောင်းချဖို့ ဆွေးနွေးနေတယ်ဆိုပြီး သတင်းရစ်မြစ်တွေ က ရိုက်တာကို ပြောပါတယ်။