မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အြေခခံလူတန်းစား
Home
အြေခခံလူတန်းစား
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 11, 2020
785
ဘားအံမြို့နယ်တွင် အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို စားသုံးကုန် အစိုးရထောက်ပံ့
ဘားအံမြို့နယ်အတွင်းမှာ အစိုးရက သင်္ကြန် ရုံးပိတ်ရက် ကာလတွေမှာ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ စားသောက်ရေး အဆင်ပြေစေဖို့ အခြေခံလူတန်းစား အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို စားသုံးကုန်တွေ အိမ်တိုက်ရာရောက် လိုက်လံဝေငှပေးခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရပ်ကွက် ၉ ခုအတွင်းက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်စား အိမ်ထောင်စု ၁၈၀၀၀ ကျော်ကို အစိုးရက ထောက်ပံ့တဲ့ စားသုံးကုန်တွေကို ဧပြီ ၁၁ ရက်နေ့က တာဝန်ရှိသူတွေက လိုက်လံဝေငှခဲ့ပါတယ်။
ဘားအံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်က
“အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေတာ ဖြစ်တယ်။ အရေးပေါ်ဖြစ်နေတဲ့ကာလ စောင့်ကြည့်တဲ့ ကာလတွင်းမှာ အရေးပေါ်အခြေအနေကို ဖြည့်ဆည်းပေးတာ” လို့ ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဒေါ်နှင်းနှင်းအေးက
“အခုလည်း အဆင်မပြေ တော်တော်ဖြစ်ခဲ့တယ်။ ယောက်ျားက ပန်းရန်လုပ်တယ်။ တနေ့ ၆၀၀၀ ပဲရတယ်။ မသွားနဲ့ဆိုလို့ မသွားဘဲနဲ့ နေရတာ။ အခုအချိန်မှာ အလုပ်လုပ်လို့ မရတဲ့အတွက် အကြွေးယူစားရတယ်။ အခုပေးတဲ့ဟာကတော့ ၁၀ ရက်လောက်တော့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။
အခြေခံလူတန်းစားတွေအတွက် ဆန် ၈ ပြည်၊ ဆား ၅၀ သား၊ ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ အခြေခံစားသောက်ကုန် ၅ မျိုးကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည့်သူလွှတ်တော် ကိုယ်စားလှယ်တွေက လိုက်လံဝေငှ ထောက်ပံ့ပေးခဲ့တာပါ။
ဘားအံမြို့ပေါ်ရပ်ကွက်တချို့မှာ ရပ်ကွက်တာဝန်ရှိသူတွေက စာရင်းကောက်ယူရာမှာ ကျန်ရှိခဲ့တဲ့အတွက် အစိုးရကထောက်ပံ့တဲ့ စားသုံးကုန်တွေ မရရှိတဲ့ အခြေခံလူတန်းစားတွေ ရှိသလို့ စာရင်းပြုစုရာမှလည်း ခွဲခြားဆက်ဆံတာတွေမရှိဖို့ လိုတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ရဲမင်းခေါင်
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up