အရိုးစုများ တွေ့ရှိ

June 15, 2018

ပီရူးတွင် ကလေးအယောက် ၁၀၀ ကျော်၏ အရိုးစုများ တွေ့ရှိ

ပီရူးနိုင်ငံမြောက်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်တထောင်နီးပါးခန့်က လူအစုလိုက်အပြုံလိုက် ယစ်ပူဇော်မှုလုပ်ခဲ့တဲ့ နေရာတခုကနေ ကလေးအယောက် ၁၀၀ ကျော်ရဲ့ အရိုးစုတွေကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အရိုးစုတွေကို  သရူခီယိုမြို့မှာ တွေ့ခဲ့တာ လချီကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အရိုးစုတွေဟာ ကလေး ၁၀၉ ယောက်ရဲ့ အရိုးတွေ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဇွန်လ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်တာပါ။ ဒါဟာ ယစ်ပူဇော်မှုနဲ့ဆိုင်တဲ့ အရိုးစုတွေကို ကမ္ဘာတဝန်း ရှာတွေ့မှုတွေထဲမှာ ကလေးတွေကို အများဆုံး အစုလိုက်အပြုံလိုက် စတေးမှု ဖြစ်လာပါတယ်။ အရိုးစုတွေကို တွေ့တဲ့နေရာဟာ ဆယ်လီနာနဲ့ မိုချေး ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တဲ့ အရပ်မှာ ဖြစ်ပေမယ့် ကလေးတွေကို အေဒီ ၉၀၀ နီးပါးမှာ ထွန်းကားခဲ့တဲ့ ချီမူယဉ်ကျေးမှုပုံစံအတိုင်း စတေးခဲ့ပုံပေါ်ကြောင်း စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြပါတယ်။ ပီရူး ရှေးဟောင်းယဉ်ကျေးမှု အများစုမှာ လူသားကို ယဇ်ပူဇော်တာတွေ ကျင့်သုံးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up