အရိုက်ခံရ

June 2, 2017

အတွင်းခံသာဝတ်ထားသည့် ဆူရှီမော်ဒယ်ကို လက်ဆော့သူ အရိုက်ခံရ (ရုပ်သံ)

အတွင်းခံသာဝတ်ပြီး ခန္ဓာကိုယ်ပေါ် ဆူရှီတွေ ခင်းကျင်း လဲလျောင်းပြသရတဲ့ ဆူရှီမော်ဒယ်တဦးက သူမကို လက်ဆော့လိုက်တဲ့ စားသုံးသူတဦးကို တွန်းပြီး ရန်တွေ့ လိုက်ရိုက်နေတဲ့ ရုပ်သံ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ အခင်းဖြစ်ပွားတာက တရုတ်နိုင်ငံမြောက်ပိုင်း တိုင်းယူဝန်းမြို့မှာဖြစ်ပြီး ဆူရှီမော်ဒယ်ရဲ့ အတွင်းခံသာ ဝတ်ဆင်ထားပြီး ဆူရှီတွေ ခင်းကျင်းပြသထားတဲ့ ခန္ဓာကိုယ်ပေါ်က ငါးလိပ်တွေကို စားသုံးသူတွေက တူတွေနဲ့ ယူခဲ့တာပါ။ အဲဒီမှာ စားသုံးသူတဦးက ဆူရှီမော်ဒယ်ကို သူ့ရဲ့တူတွေနဲ့ ဆိုးရွားစက်ဆုပ်ဖွယ် တခုခု လုပ်ခဲ့လို့ မော်ဒယ်က ခုန်ထပြီး စားသုံးသူအား တွန်းပစ်ပြီး ရန်တွေ့နေတာကို ဖော့စ်နယူးစ်သတင်းရဲ့ မေလ ၃၁ ရက်နေ့ ရုပ်သံထဲမှာ မြင်ရမှာပါ။ စားသုံးသူရဲ့ လုပ်ရပ်ကို မော်ဒယ်က ဦးဆုံး ရိုးရိုးသားသားပဲလို့ တွေးကြောင်း၊ နောက်ပိုင်းမှာ ဒါက မဟုတ်တာလုပ်ပြီး စော်ကား အမြတ်ထုတ်ခံနေရတယ် ဆိုတာကို သိလာတာလို့ ဆောက်သ်ချိုင်းနား မောနင်းပို့စ်သတင်းအရ သိရပါတယ်။
4 years Ago
Up