အန္တာတိက အကြီးမားဆုံး ရေခဲပြင်ကြီး နှစ်ခြမ်းကွဲအက်သည့် ဒရုန်းရိုက်ချက်ရုပ်သံ ထွက်ပေါ်

February 24, 2017

အန္တာတိက အကြီးမားဆုံး ရေခဲပြင်ကြီး နှစ်ခြမ်းကွဲအက်သည့် ဒရုန်းရိုက်ချက်ရုပ်သံ ထွက်ပေါ်

အန္တာတိကတိုက်ထဲမှ လာဆန်-စီလို့ အမည်ပေးထားတဲ့ အကြီးမားဆုံး ရေခဲပြင်ကြီး ၂ ခြမ်းကွဲ အက်ခဲ့တဲ့ ဒရုန်းရိုက်ချက်ရုပ်သံဗွီဒီယိုဖိုင်ကို ဗြိတိန်အန္တာတစ်သုတေသနအဖွဲ့ (ဘီအေအက်စ်)က ထုတ်လွှင့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက မိုင် ၂၀ လောက်အက်ကွဲစပြုနေခဲ့တဲ့ ဒီရေခဲပြင်ကြီးဟာ မိုင်ပေါင်း ၁၁၀ ထိ အရှည်လိုက် ကွဲအက်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဝေးလ်စ်ပြည်နယ်ရဲ့ ၂ ဆလောက်အရွယ်အစားရှိတဲ့ ဒီရေခဲပြင်ကြီး ကွဲအက်ခဲ့မှုဟာ မှတ်တမ်းတွေအရ အကြီးမားဆုံးကွဲအက်မှုဖြစ်တယ်လို့ သိရပါတယ်။ အံ့သြစရာ ဒရုန်းရိုက်ချက်ထဲမှာတော့ ထုထည်ကြီးမားတဲ့ ရေခဲပြင်အစိုင်အခဲတွေ ကွဲအက်ခဲ့ချိန်မှာ အောက်ခြေရေပြင်ပြာပြာ ထွက်ပေါ်လာခဲ့တာကို တွေ့ရပါတယ်။ ခုလိုကွဲအက်ခဲ့မှုဖြစ်စဉ်အပေါ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်ဆိုပြီး ပြစ် တင်ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဗြိတိန်အန္တာတစ်သုတေသနအဖွဲ့ (ဘီအေအက်စ်)ကတော့ ဒါဟာ သဘာဝဖြစ်စဉ်တခုပဲလို့ ပြောလိုက်တာပါ။
4 years Ago
Up