အန္တရာယ်များသည့် ဂျပန်ရိုးရာ သစ်ပင် ပင်စည်လျှောစီးပွဲတော်

A d v e r t i s e m e n t With Us

May 31, 2016

အန္တရာယ်များသည့် ဂျပန်ရိုးရာ သစ်ပင် ပင်စည်လျှောစီးပွဲတော် (ရုပ်သံ)

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၁၂၀၀ ကျော် ကျင်းပခဲ့တဲ့ အွန်ဘရှိရ ပွဲတော်ကို ထောင်နဲ့ချီတဲ့ လူတွေ တက်ရောက်နေတာပါ။ ရှေးဟောင်း ဂျပန်ရိုးရာပွဲတော်အတွင်း သစ်ပင် ပင်စည်တွေကို တောင်စောင်းတလျှောက် လျှောစီးရတဲ့ ဒီပွဲတော်ဟာ အန္တရာယ် အတော်များပါတယ်။ ဒီပွဲတော်ကို နငနိုခရိုင် စုဝဒေသမှာ ၆ နှစ်တကြိမ် ကျင်းပတာပါ။ စုဝဒေသအတွင်း ဘုရားကျောင်းက မြင့်မြတ်တဲ့ တိုင်လုံးတွေကို အသစ်လဲလှယ်မှုလည်း ဒီပွဲတော်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။ သစ်ပင်တွေကို ခုတ်လှဲပြီး သစ်လုံးကြီးတွေကို မတ်စောက်တဲ့ တောင်ကုန်းတွေကနေ ဆွဲချပြီး မြစ်တလျှောက် လူတွေက သစ်လုံးကိုစီးရင်း လိုက်လာကြတာပါ။ သစ်လုံးတလုံးကို ၁၀ တန် လေးပါတယ်။ ပြိုင်ပွဲအတွင်း သစ်လုံးစီးသူတွေဟာ လဲကျနိုင်သလို သေတဲ့အထိ သစ်လုံးကြိတ် ခံရနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရမှုကတော့ ဖြစ်နေကျ ရှောင်လွှဲမရတဲ့ကိစ္စ ဖြစ်ပါတယ်။
5 years Ago
Up